Thursday, May 23, 2013

အဆုံးအမသြ၀ါဒ

ဗုဒ္ဓဘာသာတန်ဖိုးကို နားလည်ပါ..။

ရတနာသုံးပါးကို ရတနာမှန်းသိပါ..။

မိဘဆရာကို ရိုသေပါ..။

အမျိုးဘာသာသနာကို စောင့်ရှောက်ပါ..။

ရအောင်ရှာ ရှိအောင်စု ချွေတာ လိမ္မာပါ။

ကျန်းမာခြင်းနှင့် အလိမ္မာသည် တန်ဖိုးအရှိဆုံးဖြစ်၏..။

ကိုယ့်ထက်သာသူကိုကြည့်၍ အားငယ်စိတ်ပျက်မဖြစ်ပါနဲ့..။

မနာလိုလဲ မဖြစ်ပါနဲ့..။

ကိုယ့်အောက်နိမ့်ကျသူကို ကြည့်၍ မာန်မာနမဖြစ်ပါနဲ့..။

ကံဥာဏ် ၀ီရိယပြည့်စုံအောင်ကြိုးစားပါ..။

ကုသိုလ်ကောင်းမှုတခုခု နေ့စဉ်ပြုပါ..။

အချိန်မဖြုန်းပါနဲ့..။

အလကားနေ အလကားဖြစ်မည်..။

အလုပ်လုပ်မှ တိုးတက်မည်..။

ကောင်းတာလုပ်မှ ကောင်းကျိုးရမည်..။

(ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ နာယကချုပ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်)

No comments:

Post a Comment