
တစ်ချို့တစ်ချို့သောသူရဲ့စိတ်ကို
မည်းနက်စေတယ်။
တစ်ချို့တစ်ချို့သောသူရဲ့စိတ်ကို ဖြူစင်စေတယ်။
တစ်ချို့သောသူသည် ဂုဏ်မကာသနတွေမရှိခင်တုန်းက
သူ့မိတ်ဆွေအပေါင်းသင်းတွေရဲ့အပေါ်မှာ
ရိုးသားဖြူစင်တယ်၊ သဘောထားပြည့်ဝတယ်၊
မာန်မာနတွေမထားဘူး၊ ပေါင်းသင်းရလွယ်ကူတဲ့သူ
ဖြစ်တယ်။ ဂုဏ်ပကာသနတွေရှိလာတဲ့အခါမှာတော့
သူ့အပေါင်းအသင်းမိတ်ဆွေတွေရဲ့အပေါ်မှာ
အမြင်တွေမကြည်လင် မရိုးသားချင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်။
မာန်မာနတွေကြီးလာပြီး သဘောထားသေးသိမ်လာတယ်။ သူ့အပေါင်းအသင်းမိတ်ဆွေတွေကို
အထင်အမြင်သေးချင်လာတယ်။
တစ်ချို့တစ်ချို့သူသည် ဂုဏ်ပကာသနတွေရရှိလာတဲ့အခါ သူ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့
အပေါ်မှာ အရင်ကထက်ပိုပြီးရိုးသားဖြူစင်လာတယ်၊ သဘောထားတွေပိုပြီးပြည့်ဝလာတယ်၊
မာန်မာနတွေပါးသထက်ပါးလာပြီး ပေါင်းသင်းရတာ ပိုပြီးလွယ်ကူလာတယ်၊ ပွင့်လင်းလာတယ်။
သူ့အပေါင်းအသင်းမိတ်တွေ ပျော်အောင်လည်းပိုပြီးထားတတ်သလို
ပို၍လည်းအလေးထားတတ်လာတယ်။ တကယ်တော့ ဂုဏ်ပကာသနဆိုသည်မှာ
ဘွဲ့ထူးဂုဏ်ထူးတွေကအစ မိမိတို့ရဲ့လိုအပ်ချက်တွေ ကိုယ်တိုင် ရှာဖွေစု
ဆောင်းလာနိုင်သည့်အဆုံးပါပဲ။ မိမိတို့ရလာသည့် ဒီဂုဏ်ပကာသနတွေအကြောင်းပြုပြီး
မိမိကိုယ်မိမိတစ်နေ့ထက်တစ်နေ့ သဘောထားတွေပြည့်ဝလို့မိမိရဲ့စိတ်တွေဖြူစင်စေပြီး
မိမိဘ၀ကိုရင့်ကျက်စေတာကမှ တကယ့်ဂုဏ်ပကာသနအစစ်ပါပဲ။ လူရဲ့စိတ်ကိုမည်းနက်စေပြီး
သဘောထားတွေသေးသိမ်လာရင်တော့ရထားတဲ့ဂုဏ်ပကာသနတွေသည်အတုလို့သာခေါ်ဆိုရမှာ
ပါပဲ။ အဲဒီဂုဏ်ပကာသနတွေများလာလေလေ သဘောထားတွေသေးသိမ်ပြီး ပျော်စရာတွေ
ဆုံးရှုံးလာလေ နေစရာနေရာတွေပို၍ကျဉ်းမြောင်းလာလေလေပါပဲ။ ဂုဏ်ပကာသနသည်
လူ့လောကမှာအနေလှနိုင်ဖို့ရန်အတွက် နည်းအမျိုးမျိုးနှင့်လူတိုင်းမှာရှာဖွေကြိုးစားရမှာပါပဲ။
ဒါပေမယ့် လူရဲ့စိတ်ကိုဖြူစင်စေတဲ့ဂုဏ်ပကာသနကိုရတာက အကောင်းဆုံးပါပဲ..။
No comments:
Post a Comment