Thursday, May 23, 2013

အဆုံးအမသြ၀ါဒ

ဗုဒ္ဓဘာသာတန်ဖိုးကို နားလည်ပါ..။

ရတနာသုံးပါးကို ရတနာမှန်းသိပါ..။

မိဘဆရာကို ရိုသေပါ..။

အမျိုးဘာသာသနာကို စောင့်ရှောက်ပါ..။

ရအောင်ရှာ ရှိအောင်စု ချွေတာ လိမ္မာပါ။

ကျန်းမာခြင်းနှင့် အလိမ္မာသည် တန်ဖိုးအရှိဆုံးဖြစ်၏..။

ကိုယ့်ထက်သာသူကိုကြည့်၍ အားငယ်စိတ်ပျက်မဖြစ်ပါနဲ့..။

မနာလိုလဲ မဖြစ်ပါနဲ့..။

ကိုယ့်အောက်နိမ့်ကျသူကို ကြည့်၍ မာန်မာနမဖြစ်ပါနဲ့..။

ကံဥာဏ် ၀ီရိယပြည့်စုံအောင်ကြိုးစားပါ..။

ကုသိုလ်ကောင်းမှုတခုခု နေ့စဉ်ပြုပါ..။

အချိန်မဖြုန်းပါနဲ့..။

အလကားနေ အလကားဖြစ်မည်..။

အလုပ်လုပ်မှ တိုးတက်မည်..။

ကောင်းတာလုပ်မှ ကောင်းကျိုးရမည်..။

(ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ နာယကချုပ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်)

Tuesday, May 21, 2013

ရုပ်ရည်ဆိုသည်မှာ...

ငါသည် အရုပ်ဆိုးအကျည်းတန်သူဘဲလို့ အချိန်တိုင်းမမှတ်ထိုက်သလို

ရုပ်ရည်ရူပကာယလှပသူဘဲလို့လဲ အစဉ်အမြဲသတ်မှတ်လို့မရနိုင်ပါဘူး..။

ဘာဖြစ်လို့လဲဆိုရင် ပုထုဇဉ်လူသားပီပီ သူတစ်ပါးအပေါ်မှာ စိတ်ကောင်း

စေတနာကောင်းထားနိုင်တဲ့နေ့တွေရှိသလို မထားနိုင်တဲ့နေ့တွေလဲရှိတာပါပဲ။

သူတစ်ပါးအပေါ်စိတ်ကောင်းစေတနာကောင်း ထားနိုင်တဲ့နေ့ကျရင်

ငါသည်ရုပ်ချောသူဘဲလို့သတ်မှတ်လိုက်ပါ။ မိမိကိုယ်ကို အဲသလိုသတ်မှတ်

နိုင်သည့်အပြင် တစ်ပါးသူသည်လည်း သင့်ကို ရုပ်ချောသူလို့မြင်နေမှာအမှန်

ပါပဲ..။ သူတစ်ပါးအပေါ်မှာ စိတ်ပုပ်စိတ်ညစ်တွေထားတဲ့နေ့ကျရင် မိမိကိုယ်

ကို အရုပ်ဆိုးအကျည်းတန်သူလို့သာသတ်မှတ်လိုက်ပါ။ တစ်ပါးသူသည်

သည်လည်းသင့်ကိုအဲသလိုဘဲမြင်နေမှာအမှန်ဘဲ..။

အရုပ်ဆိုးအကျည်းတန်အောင်လုပ်နေတာလဲမိမိကိုယ်တိုင်ဘဲ..။

လှပသူ ရုပ်ချောသူအဖြစ် လုပ်နေတာလဲ မိမိကိုယ်တိုင်ပါပဲ..။

နောက်ဆုံး ဘ၀ဇာတ်သိမ်းလို့ နိဂုံးအဆုံးသတ်သွားတဲ့အချိန်အထိ

မိမိကိုယ်ကို ဆိုးသောဇာတ်သိမ်းခြင်း ကောင်းသောဇာတ်သိမ်းခြင်း

အဖြစ် လုပ်သွားတာလဲ မိမိကိုယ်တိုင်ဘဲမဟုတ်လား...။

အရုပ်ဆိုးအကျည်းတန်တဲ့သူဖြစ်ချင်တာလား ချောမောလှပတဲ့သူ

ဖြစ်ချင်တာလားဆိုတာ မိမိကိုယ်တိုင်နှစ်ခုထဲက တစ်ခုရွေးလိုက်ရုံပါပဲ..။

Friday, May 17, 2013

ဘုန်းကြီးပျက်ဆိုရာဝယ်။

တစ်ခါကဘုန်းကြီးကျောင်းတစ်ကျောင်းကို ဒကာတစ်ယောက်ရောက်လာပါတယ်။ ရောက်လာပြီးတော့
‘’တစ်ချို့ဦးဇင်းတွေ ကိုရင်တွေဟာ ဘောလုံးကန်တယ် ခြင်းခပ်တယ် 
 ဗွီဒီယိုတွေကြည့်တယ်ဘုရား ဒါကြောင့် 
အဲဒီရဟန်ုးမျိုးသာသနာမှာမရှိသင့်ဘူး။ လူထွက်ခိုင်းသင့်တယ်။ 
ဒဏ်ပေးသင့်တယ်ဘုရား” ဆိုပြီးလျှောက်ထားတယ်။ 
ဒီတော့ဘုန်းကြီးကပြန်မေးပါတယ်။ ‘’ဒကာတော်၊ သစ်ပင်မှာ 
အကာကအရေးကြီးလား။ အနှစ်ကအရေးကြီးလားကွယ့်”လို့။ “မှန်ပါ၊ 
အနှစ်ကအရေးကြီးပါတယ်
ဘုရား” ဒါဆိုလည်းကွယ်၊သစ်ပင်တွေကို အနှစ်ဘဲထားပြီး 
အကာကိုခွာပစ်လိုက်ရင်မကောင်းပေဘူး
လား” မှန်ပါဘုရားအဲလိုလည်းမဖြစ်သေးဘူးဘုရား” တဲ့။ 
ဒါနဲ့အဲဒီဒကာတော်ကပြန်သွားခဲ့တယ်
ဆိုပါစို့၊မှန်ပါတယ်။အကာကိုလိုရင်းမဟုတ်ပေမယ့် 
အကာရှိမှလည်းအနှစ်ကအကျိုးရှိအောင်နေထိုင်
နိုင်တယ်။အချို့ကိုရင်သာမဏေများ၊ ဘုန်းကြီးရဟန်းများ 
သာသနာတော်အတွင်းနေထိုင်ရမှုကို 
နည်းနည်းပြောပြချင်ပါသေးတယ်။ အချို့ကိုရင်တွေ၊ ဦးဇင်းတွေက 
သာသနာမှာ သိပ်ပြီးမပျော်ပိုက်ပါ
ဘူး။ ဒီလိုဖြစ်ရတာဟာ အသိဥာဏ်မပါ 
သဒ္ဓါတရားအားကောင်းကြတဲ့ မြန်မာလူမျိုးတွေကြောင့်ဖြစ်ရတယ်လို့ဆိုရပါမယ်။
 ကိုယ့်မှာသားရဟန်းလေး ၊ကိုရင်လေးရှိရင် လုံးဝ  
လူမထွက်စေချင်ကြဘူး။ ကိုယ်သိက္ခာတင်ပေးထားတဲ့ရဟန်း၊ 
ဝတ်ပေးထားတဲ့ကိုရင်တွေကို ဘယ်ဒါယကမှ လူမထွက်စေချင်ပါဘူး။ 
လူမထွက်စေချင်တာ ရိုးရိုးမဟုတ်ပါဘူး။ မိဘဖြစ်သူက
ငါ့သားလူထွက်မဲ့အစား အမေ့ကိုသာသတ်သွားလိုက်ပါ၊ 
ရဟန်းခံထားသူ ရှင်ခံထားသူက ဦးဇင်းက
ကိုရင်က လူဝတ်လှဲမယ်ဆိုတော့ တပည့်တော်တို့ကို 
အရှက်တကွဲအကျိုးနည်းဖြစ်စေချင်တာပေါ့
ဟုတ်လား။ စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့လက်ရှိကိုရင် ဦးဇင်းတွေကို 
လူမထွက်ဖို့ခြိမ်းခြောက်လေ့ရှိပါ
တယ်။ သူတို့လည်းတရားပါတယ်။ သားရဟန်းဂုဏ်လေး၊ 
ရဟန်းဒကာဂုဏ်လေးက လိုချင်ကြတာကိုး။ ဂုဏ်မဟုတ်ခဲ့ရင်လည်း 
သဒ္ဓါတရားလွန်ကဲသကိုး၊ လွန်ကဲတဲ့သဒ္ဓါက 
ပညာမှမပါသကိုး။ လောကမှဟန်ချက်တွေညီနေဖို့ 
လိုအပ်နေတဲ့အရာတွေရှိတယ်။ အဲဒါကတော့
 
အလင်းနဲ့ အမှောင်၊ အဖြူနဲ့အမည်း၊ အသွားနဲ့အပြန်၊ အပေးနဲ့အယူ၊ 
အ၀င်နဲ့အထွက်၊ အထက်နဲ့
အောက်၊ အသိနဲ့အကျင့်၊ ၀ိဇ္ဇာနဲ့စရဏ၊ ၀ီရိယနဲ့သမာဓိ၊ သဒ္ဓါနဲ့ 
ပညာဖြစ်ပါတယ်။ ဒါတွေအားလုံး
ဟာ တစ်ခုနှင့်တစ်ခု မညီမျှခဲ့ဘူးဆိုရင် လောကဟာ 
ကမောက်ကမဖြစ်တာပါပဲ။ ဒီမှာနောက်ဆုံးစုံတွဲလေးဖြစ်တဲ့ 
သဒ္ဓါနဲ့ပညာကိုပြောချင်ပါတယ်။ 
သဒ္ဓါတွေကောင်းလွန်းတော့ တွေ့တွေ့သမျှယောက်ကျားကို 
ရဟန်းချည်းလုပ်ခိုင်းချင်နေတတ်တဲ့ လူတွေကြောင့် သာသနာ့မြေမှာ
သူတို့ပြောတဲ့ ဘုန်းကြီးပျက်ဆိုတာထွက်ပေါ်လာရပါတယ်။ 
ဘုန်းကြီးပျက်ဆိုတာ သဒ္ဓါတရားနဲ့ဘုန်း
ကြီးဘ၀မှာအတင်းနေခိုင်းတယ်။ ကျုပ်လူဝတ်လှဲချင်တယ်ဗျာ၊ ကျုပ် 
ဘုရားရဲ့ဝိနည်းတော်ကို မလိုက်နာနိုင်တော့ဘူး ဆိုရင် အရှင်ဘုရား၊ 
အဓိကကတော့စိတ်ပါပဲဘုရား ဆိုပြီးတော့ လူမထွက်ခိုင်းဘူး။ တစ်ချို့ 
ရှင်ဘုရား ဘာလိုနေလဲ ၊ငွေလား၊ ဘာလိုချင်တာလဲပြော၊ လူမထွက်ရင်
ပြီးရော၊ ဆိုတဲ့ကိစ္စတွေပေါ်လာတယ်။ အဲဒါဆရာ ဒကာကြားမှာ ။ 
ဖိုးချိုရဲ့မာလာဆောင် သီချင်းထဲ
 
ကလိုပြောရရင်  အဲဒီလိုနဲ့သာသနာ့နယ်မြေမှာ 
..လို့ပြောရတော့မှာဘဲ။ 
အဓိကလိုရင်းကတော့ သာ
သနာကိုထောက်ပံ့နေကြတဲ့ သာသနာ့ဒါယကာအမည်ခံလိုသူများက 
ပိုအဓိကကျပါတယ်။ ကိုယ်ရဟန်းခံမည့်ပုဂ္ဂိုလ် 
ကိုယ်ကိုရင်ဝတ်ပေးမည့်ပုဂ္ဂိုလ်က ကိုရင်ဝတ်ဖို့ ရဟန်းခံဖို့ သဒ္ဓါတရား
 
အပြည့်အ၀ရှိရဲ့လား၊ သဒ္ဓါတရားခိုင်ရဲ့လားလို့။ 
စာပေကိုကြိုးစားအားထုတ်ပြီး သာသနာ့အကျိုးသယ်
ပိုးချင်တဲ့သူဟုတ် မဟုတ် 
စဉ်းစားဆုံးဖြတ်ပြီးမှသာလျှင် ထောက်ပံ့ပေးသင့်ပါတယ်။ 
အဲလိုမှမဟုတ်ရင်
ကိုယ်ကဘဲမွေးထုတ် ကိုယ်ကဘဲသတ်ဖြတ်တဲ့သူဖြစ်ပါလိမ့်မယ်။ 
ဘုန်းကြီးပျက်လို့ မြင်တတ်တဲ့ သူတွေကိုတော့ မန္တလေး 
မစိုးရိမ်ကျောင်းဒကာကြီးအဖြစ်အပျက်ကိုပြောပြချင်ပါသေးတယ်။ 
မစိုးရိမ်ကျောင်းတိုက်တစ်တိုက်လုံးကို ရွှေချပြီးလှူခဲ့တဲ့ 
ဒါယကဦးကျော်အကြောင်းပါ။
တစ်နေ့တော့လူတစ်ယောက်က မစိုးရိမ်ကျောင်းတိုက်ထဲကို 
ဝင်သွားပါတယ်။ ၀င်းသွားတော့ သူကခြင်းခတ်နေတဲ့ 
ဦးဇင်းငါးပါးကိုသွားတွေ့တယ်။ 
သူပြန်ထွက်လာပြီး ကျောင်းဒကာကြီးဦးကျော်ကို
အိမ်ကိုတန်းသွားတော့တာဘဲ။ 
ဒီမှာခင်ဗျားလှူထားတဲ့ ကျောင်းကဦးဇင်းတွေက ခြင်းခတ်နေသဗျ။ 
ခင်ဗျားကို ဘယ်သူပြောလိုက်တာလဲ။ ပြောလိုက်တာမဟုတ်ဘူး 
ကျုပ်ကိုယ်တိုင်မြင်ခဲ့တာ။ ဒါဆိုကျုပ်ကိုလိုက်ပြ။ 
ဒါနဲ့အဲဒီလူကခြင်းခတ်နေတဲ့ဦးဇင်းတွေ ခြင်းခတ်နေတဲ့နေရာကိုလိုက်ပြတယ်။
ကျောင်းဒကာဦးကျော်ကလည်းမြင်တယ်။ ပြီးတော့ 
ဘယ်နှစ်ပါးတောင်လဲဗျ။ လို့ ရဟန်းအပါးရေကို
ရေတွက်ခိုင်းတယ်။ တွက်တော့ ခြင်းတစ်ဝိုင်း ငါးပါးပေါ့ဗျာ။ 
လိုက်ခဲ့ပါဦးဗျ။ ဦးကျော်က အဲဒီလူကို
ဆက်ခေါ်တယ်။ အလယ်ကစာဝါချ 
စာကျက်နေတဲ့ ကျောင်းကိုခေါ်သွားတယ်။ ကျောင်းထဲမှာစာကျက်
နေကြတဲ့ ဦးဇင်းတွေ ကိုရင်တွေ အများကြီးကိုတွေ့ရတယ်။ 
ဦးကျော်ကမေးတယ်။ ခုနခြင်းခတ်နေတဲ့ သံဃာနဲ့ အခုစာကျက်နေတဲ့ 
သံဃာဘယ်သင်းကပိုများလဲ။ ဟာစာကျက်နေတဲ့ သံဃာကပိုများတာ
ပေါ့ဗျာ။ အဲခင်ဗျားကြည့်တာ ခင်ဗျားမြင်မှာပဲ။ ကုသိုလ်ရချင်ရင် 
ကုသိုလ်ရမည့်မြင်ကွင်းကိုရှာပါ။
အကုသိုလ်ရချင်ရင် အကုသိုလ်ရမည့် မြင်ကွင်းကိုရှာပါ လို့ ဦးကျော်က
 အဲဒီလူကို နောက်ဆုံး ဆုံးမ
လွတ်လိုက်တယ်။ ဒါက လွန်ခဲ့သည့်နှစ်အနည်းငယ်က 
ဖတ်မိခဲ့သည့်စာပါ။ ဘယ်သူဘယ်ဝါရေးထားမှန်းတော့ 
မသိတော့ပေမယ့် ဘာလော့ဂါဆရာတစ်ဦးပါပဲ။ 
ဒီလိုထပ်ရေးလိုက်ခြင်းအား အပျက်တွေကို 
ကာကွယ်ပေးနေတာလည်းမဟုတ်သလို အားပေးနေတာလည်း
မဟုတ်ပါး။ အရာရာကို ရှုမြင်သုံးသပ်တဲ့နေရာမှာ 
ကိုယ့်နေရာနဲ့ကိုယ်မြင်တတ်ဖို့အရေးကြီးသလို 
ရာနဲ့သူ လှူဒါန်းထောက်ပံ့ပေးတတ်ဖို့လည်းအရေးပါတယ်။
တော်တော်များများလည်းအဲသည်လို တွေ့ဖူးကြုံဖူးပါတယ်။ ရဟန်းတွေ 
ကိုရင်တွေဘက်က ကောင်းရင် ဒါယကာ ဒါယိကာမဘက်က မကောင်း။ 
ဒါယကာ ဒါယိကာဘက်ကကောင်းရင်လည်း
ရဟန်းတွေ ကိုရင်တွေဘက်ကသိပ်မကောင်းပြန်တော့ဘူး။ 
ဒါအလေးချိန်မညီမျှလို့ သာသနာမှာ
ကမောက်ကမတွေ တစ်ဖြည်းဖြည်းနဲ့ဖြစ်လာတာပါပဲ။ 
တစ်ချို့ရဟန်းတွေ ကိုရင်တွေက စာပေ
ပရိယတ္တိဘက်မှာ တော်ကြတယ်။ ဒါပေမယ့်  ကိုယ်ကျင့်သီလပိုင်း 
စိတ်ထားဖြူစင်မှုအပိုင်း စည်းကမ်းလိုက်နာမှုအပိုင်း တွေမှာ
ကောင်းဖို့အားနည်းနေကြတာလည်းတွေ့နေရပါတယ်။ 
တစ်ချို့ဦးဇင်းတွေ ကိုရင်တွေကျတော စာပေ
ပရိယတ္တိဘက်မှာ သိပ်မတော်ပေမယ့် ကြိုးစားမှုရှိတယ်။ 
ကိုယ်ကျင့်သီလပိုင်း စိတ်ထားဖြူစင်မှုအပိုင်း 
စည်းကမ်းလိုက်နာမှုအပိုင်းတွေမှာ တော်တယ်ကောင်းတယ်။ 
ဒါမျိုးကိုလည်းတွေ့နေရတယ်။..ဆိုတော့ လှူဒါန်းထောက့်ပံ့ပေးနေ
ကြတဲ့ပစ္စည်းလေးဒါယကာ ဒါယိကမများတွေအနေနဲ့ ဒါတွေကို 
ချိန်ခွင်ညီမျှအောင် နားလည်ပြီး ငြှိယူ
နိုင်စွမ်းရှိရပါမယ်။ မြတ်ဗုဒ္ဓ၏သာသနာတော်မှာ တော်တဲ့လူလည်းလိုအပ်သလို 
အကျင့်စရဏကောင်းဖို့လည်း 
တကယ့်ကိုလိုအပ်တာပါပဲ။ မြတ်ဗုဒ္ဓက နှစ်ခုယှဉ်လာရင် တော်တာထက် 
အကျင့်စရဏကောင်းတာက 
ပိုပြီးအားပေးချီးမြှောက်တော်မူတယ်ဆိုတာ ကျမ်းဂန်
အထောက်အထားတွေက သာဓကပါပဲ။ နှစ်ခုလုံးစုံညီရင်တော့ 
ဘာမှကိုပြောစရာမရှိတော့ဘူး။ ဒါတွေကို ဒါယကာ 
ဒါယိကာမများအနေနဲ့ လှူဒါန်းထောက်ပံ့ပေးရုံသက်သက်မဟုတ်ဘဲ 
မိမိတို့အတွက်ရော သာသနာအတွက်ပါအကျိုးရှိအောင် 
အထူးသိတတ်ဖို့လိုပါတယ်။
သိတတ်ဖို့လည်းအထူးကြိုးစားရမည်။ 
မိမိတို့၏လှူဒါန်းထောက်ပံ့ပေးမှုကြောင့် မြတ်ဗုဒ္ဓသာသနာ
တော်သည် 
အတိုင်းအဆထက်သာလွန်၍ ပြန့်ပွားတိုးတက်နိုင်ပါစေလို့ 
ဆန္ဒပြုလိုက်ပါသည်…။

ဂုဏ်ပကာသနဆိုသည်မှာ...

ဂုဏ်ပကာသနသည် 
 
တစ်ချို့တစ်ချို့သောသူရဲ့စိတ်ကို  
 
မည်းနက်စေတယ်။

တစ်ချို့တစ်ချို့သောသူရဲ့စိတ်ကို  ဖြူစင်စေတယ်။

တစ်ချို့သောသူသည် ဂုဏ်မကာသနတွေမရှိခင်တုန်းက 

 
သူ့မိတ်ဆွေအပေါင်းသင်းတွေရဲ့အပေါ်မှာ

ရိုးသားဖြူစင်တယ်၊ သဘောထားပြည့်ဝတယ်၊ 

 
မာန်မာနတွေမထားဘူး၊ ပေါင်းသင်းရလွယ်ကူတဲ့သူ

ဖြစ်တယ်။ ဂုဏ်ပကာသနတွေရှိလာတဲ့အခါမှာတော့ 

 
သူ့အပေါင်းအသင်းမိတ်ဆွေတွေရဲ့အပေါ်မှာ

အမြင်တွေမကြည်လင် မရိုးသားချင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်။

မာန်မာနတွေကြီးလာပြီး သဘောထားသေးသိမ်လာတယ်။ သူ့အပေါင်းအသင်းမိတ်ဆွေတွေကို

အထင်အမြင်သေးချင်လာတယ်။

တစ်ချို့တစ်ချို့သူသည် ဂုဏ်ပကာသနတွေရရှိလာတဲ့အခါ သူ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့

အပေါ်မှာ အရင်ကထက်ပိုပြီးရိုးသားဖြူစင်လာတယ်၊ သဘောထားတွေပိုပြီးပြည့်ဝလာတယ်၊

မာန်မာနတွေပါးသထက်ပါးလာပြီး ပေါင်းသင်းရတာ ပိုပြီးလွယ်ကူလာတယ်၊ ပွင့်လင်းလာတယ်။

သူ့အပေါင်းအသင်းမိတ်တွေ ပျော်အောင်လည်းပိုပြီးထားတတ်သလို

ပို၍လည်းအလေးထားတတ်လာတယ်။ တကယ်တော့ ဂုဏ်ပကာသနဆိုသည်မှာ

 ဘွဲ့ထူးဂုဏ်ထူးတွေကအစ မိမိတို့ရဲ့လိုအပ်ချက်တွေ ကိုယ်တိုင် ရှာဖွေစု

ဆောင်းလာနိုင်သည့်အဆုံးပါပဲ။ မိမိတို့ရလာသည့် ဒီဂုဏ်ပကာသနတွေအကြောင်းပြုပြီး

မိမိကိုယ်မိမိတစ်နေ့ထက်တစ်နေ့ သဘောထားတွေပြည့်ဝလို့မိမိရဲ့စိတ်တွေဖြူစင်စေပြီး

မိမိဘ၀ကိုရင့်ကျက်စေတာကမှ တကယ့်ဂုဏ်ပကာသနအစစ်ပါပဲ။ လူရဲ့စိတ်ကိုမည်းနက်စေပြီး

သဘောထားတွေသေးသိမ်လာရင်တော့ရထားတဲ့ဂုဏ်ပကာသနတွေသည်အတုလို့သာခေါ်ဆိုရမှာ

ပါပဲ။ အဲဒီဂုဏ်ပကာသနတွေများလာလေလေ သဘောထားတွေသေးသိမ်ပြီး ပျော်စရာတွေ

ဆုံးရှုံးလာလေ နေစရာနေရာတွေပို၍ကျဉ်းမြောင်းလာလေလေပါပဲ။ ဂုဏ်ပကာသနသည်

လူ့လောကမှာအနေလှနိုင်ဖို့ရန်အတွက် နည်းအမျိုးမျိုးနှင့်လူတိုင်းမှာရှာဖွေကြိုးစားရမှာပါပဲ။

 ဒါပေမယ့် လူရဲ့စိတ်ကိုဖြူစင်စေတဲ့ဂုဏ်ပကာသနကိုရတာက အကောင်းဆုံးပါပဲ..။

Wednesday, May 15, 2013

ခေတ်ဆိုသည်မှာ

ခေတ်က ပြောင်းလဲတိုးတက်တာ အရမ်းမြန်ဆန်လွန်းလှတယ်..။

ခေတ်နောက်ကိုအတုလိုက်ကြတဲ့သူတွေလဲ တိုးတက်တာအရမ်းမြန်ဆန်လွန်းတယ်..။

ဒါပေမယ့် မြန်ဆန်စွာတိုးတက်ပြောင်းလဲလာတဲ့ခေတ်က

မျက်လှည့်ဆန်ဆန် မော်ဆန်ဆန်ဖြစ်နေတယ်..။

သူ့နောက်ကိုလိုက်ကြတဲ့သူတွေကို မကောင်းတဲ့အာရုံဘက်ကိုသာလှည့်စားနေတယ်..။

ဝေးဝေးကြည့်နေစရာမလိုဘူး။ လက်ရှိသုံးနေတဲ့ဖေစ်ဘုတ်ပေါ်မှာဘဲ ကြည့်လိုက်ရင်သိသာ


ထင်ရှားလွန်းလှပါတယ်..။ အတင်းအဖျင်းအကြောင်းတွေ ဝေဖန်တို်က်ခိုက်ရေးအကြောင်းတေ

မဟုတ်တရုတ်ပုံတွေ ရေးလာ တင်လာတဲ့အခါကျရင် လက်ခုပ်သြဘာပေးတဲ့သူတွေက

တစ်ပုံတစ်ပင်ကြီးပါပဲ..။ အတင်းအဖျင်း ဝေဖန်တိုက်ခိုက်ရေးမဟုတ်တဲ့

ဗဟုသုတအကြောင်းတွေ ဓမ္မစာတိုပေစလေးတွေရေးတင်လာတဲ့စာမျိုးတွေကိုတော့

လက်ခုပ်သြဘာပေးတဲ့သူတွေက ရှာမှရှားဘဲ..။တစ်ချို့မလွဲသာ မရှောင်သာလို့သာ လက်ခုပ်သြ

ဘာပေးနေရတာ စိတ်ဝင်စားမယ့်ပုံမပေါ်ပါဘူး..။ အပေါင်းအသင်းတွေရဲ့ကြားမှာ

ကြည့်မယ်ဆိုရင်လည်းပေါ်လွင်ထင်ရှားပါတယ်..။ ဒီအရာကမကောင်းဘူး မလုပ်နဲ့

ဒီအရာကကောင်းတယ် လို့လမ်းညွန်အကြံပေးတဲ့အခါ လက်မခံသည့်အပြင် ဒီလူဟာငါ့ကို

မနာလိုတာဘဲ ငါ့ကိုဆရာလုပ်တာဘဲလို့ သူ့အတွက်မကောင်းတဲ့သူလို့သဘောထားတယ်..။

မကောင်းတဲ့အကျင့်တွေကိုတော့ မသိမသာအားပေးသည်ဖြစ်စေ ရောနှောသည်ဖြစ်စေ ဒီလူကငါ့

မိတ်ဆွေကောင်း ငါ့ရဲ့သူငယ်ချင်းကောင်းလို့သဘောထားမှတ်ယူတယ်..။

ဒါသည် တိုးတက်နေတဲ့ခေတ်နောက်မှာလိုက်နေတဲ့သူတွေအတွက် သတိထားမှုမရှိတဲ့အခါ

ခေတ်၏ မကောင်းတဲ့အရုံထဲမှာလှည့်စားတာခံရတာပါပဲ..။

အပေါင်းအသင်းကျောင်းသားတွေထဲမှာလည်းတွေ့တွေ့နေရတာပါပဲ..။ မိဘ ဆရာသမား ရပ်ရွာ

နိုင်ငံကိုခွဲပြီး အချိန်ကုန် ငွေကုန်ခံပြီးပြည်ပကို ပညာသင်ထွက်ကြတယ်..။ ဒါပေမယ့် ပညာသင်ချိန်

နှစ်တွေကုန်ဆုံးလို့ အမိမြေကို ပြန်သွားတဲ့အခါ အရင်းပါရှုံးပြီး

ဘာမှပါမသွားနိုင်တဲ့ကျောင်းသားတွေလည်းရှိ

သေးတယ်။ သူ့အတွက်ပါသွားတာက ''ဖူး'' ဆိုတဲ့စကားလုံးတစ်လုံးဘဲပါသွားတယ်။

''ဖူး'' ဆိုတာကတော့ သင်ယူလေ့လာဖူးတယ်၊ ဒီတက္ကသိုလ်ငါတက်ဖူးတယ်ဆိုတာပါပဲ..။

ဘာမှအရည်အချင်းပါမသွားခဲ့နိုင်ဘူး..။ ဒါသည်လည်းခေတ်ရဲ့လှည့်စားတာခံနေရတာပါပဲ..။

အပေါင်းအသင်းဆိုတာ အပေါင်းအသင်းပါပဲ..။ ဒါပေမယ့် ကိုယ်ကျရာ တာဝန် ကိုယ့်ရဲ့ရည်မှန်း

ချက်ကိုတော့ရအောင်ယူရမှာပဲ..။တစ်ချိန်ကျရင် ကိုယ်ကျရာ တာဝန်ကိုစီလုပ်ရတဲ့အခါ ဒီအပေါင်း

နဲ့ဖြစ်ချင်မှဖြစ်မယ်..။အကူအညီတောင်းတာ ရချင်မှရမယ်..။ သေချာတာကတော့ ကိုယ့်မှာရှိသည့်

အရည်အချင်းအတိုင်း ထုတ်သုံးရတော့မယ်ဆိုတာဘဲ..။ ခေတ်နောက်ကိုတော့ လိုက်လျောညီထွေ

စွာနေရမှာပါပဲ..။ ဒါပေမယ့် ရည်မှန်းချက်က ရည်မှန်းချက်ပဲလေ..။ ခေတ်ရဲ့မကောင်းတဲ့အာရုံဘက်

လှည့်စားမခံရအောင်တော့ ကိုယ့်ဘာသာကိုယ် သတိရှိရမယ်လေ။

Monday, May 13, 2013

"ဗုဒ္ဓဘာသာနှင်.မလဲနိုင်ပါ"( မဟာဂန္ဓာရုံဆရာတော်ကြီး)


မနေ.ကစကားပြောကြတယ်၊စကားပြောတော. နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလဲမဟုတ်၊ တချို.များ သူဌေးကြီးတွေဟာလေ တစ်နေ.သုံးလိုက်တဲ. အသုံးစားရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေတစ်သက်လုံးစားလောက် သုံးလောက်တယ် ၊ မြန်မာနိုင်ငံရဲ. ပစ္စည်းရှိတဲ. သူဌေးတွေနဲ. တစ်သက်လုံးစားလောက်တဲ.စည်းစိမ်ကို တစ်နေ.တည်း သုံးပစ်တာပဲ၊အဲဒါလောက်ပေါတယ်တဲ.။
ဒါဗုဒ္ဓဘာသာမဟုတ်ဘူးတဲ.၊ ဒီတော. ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ.ဆုံးဖြစ်နေတယ်၊ သီဟိုဠ်တို.၊ လာအိုတို.၊ ကမ္ဗောဒီးယားတို.၊ ယိုးဒယားတို.၊ မြန်မာနိုင်ငံတို. ဒီနိုင်ငံကလေးတွေ ဗုဒ္ဓဘာသာနိုင်ငံက လူတွေဟာ အညံ.ဆုံးဖြစ်နေကြတယ်တဲ.။ ဒါဘယ်.နှယ်အဓိပ္ပါယ်တုန်းတဲ.။
ဟာ-ဟုတ်တယ် လို. စိတ်ထဲက ဇဝေဇ၀ါ ၀ဇ၀ါ ၀ဇ၀ါ ၀ဇ၀ါ ဖြစ်စရာပါပဲ ၊
နိုင်ငံကြီးတွေကသူဌေးကြီးတွေ ရှေ.ကံပြုတုန်းက ဘယ်လိုပြုခဲ.ကြတယ်ဆိုတာ စဉ်းစားကြည်.လိုက်ပါလေ၊
စဉ်းစားကြည်.တော. ရှေးကံပြုတုန်းက သူတို.လဲကံရှိမှာပေါ.၊ ဗုဒ္ဓဘာသာမဟုတ်ဘူးတဲ.၊ ဘုရားအလောင်း ပါရမီဖြည်.တုန်း ဗုဒ္ဓဘာသာအဖြစ်နဲ. ဖြည်.တဲ.ဘ၀ ဘ၀ ဘယ်နှစ်ဘ၀များ တွေ.ခဲ.ဖူးတုန်း၊ ကဲ ဇာတ်ကြီးဆယ်ဘွဲ.ကို အကြမ်းစားစဉ်းစားကြစို.။
တေမိမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ ဘုန်းကြီးမဟုတ်ဘူး၊ တေမိမင်း မဟာဇနကမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သူတို.ကုသိုလ်တွေ သူတို.ပြုသွားတာပဲ၊ ဇနကမင်းကလဲ ကုသိုလ်တွေပြုသွားတာပဲ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ တေမိမင်းကလဲ ကုသိုလ်ပြု တောထွက် တရားကျင်. ဈာန်တွေရ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သုဝဏ္ဏသျှံ တောထဲမှာ မေတ္တာနဲ. နေရှာတာ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ မိဘလဲ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ အဲ နေမိမင်းကြီး တစ်နေ.တော. ပြောလိုက်တဲ. နာရဒဗြဟ္မာမင်းကြီး ဗုဒ္ဓဘာသာမဟုတ်ဘူး၊ အကုန်လုံးပေါ.လေ၊ လ၊ ဝေဿန္တရာမင်းကိုကြည်.ပါ၊ ပါ၊ ဗုဒ္ဓဘာသာဟုတ်ရဲ.လား၊ ဘယ်ဘုန်းကြီးကတရားဟောနေတုန်း၊သူက ရသေ.တွေ အလှုပေးနေတာပဲ၊ ဘယ်သူကမှ တရားလာမဟောဘူး။
လူတိုင်းကုသိုလ်ပြုတတ်ခြင်း

ဒီတော.ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ပြုတတ်တယ်၊ ဗုဒ္ဓဘာသာမဟုတ်ရင် မပြုတတ်ဘူးဆိုတော. ဘုရားလောင်း ပါရမီဖြည်.တာတွေ.ဟာ ဗုဒ္ဓဘာသာမဟုတ်တဲ. ဘ၀ချည်းများတယ်၊ ဘုရားအလောင်း လေးအသင်္ချေနှင်. ကမ္ဘာတစ်သိန်းထဲမှာ နှစ်ကျိပ်လေးဆူပဲ ဘုရားပွင်.တယ်၊ ဗုဒ္ဓဘာသာဆိုတဲ. ဘာသာ ၂၄ ၂၄ ခါသာပေါ်ခဲ.တယ်၊ ကျန်တဲ.အချိန်တွေ ဗုဒ္ဓဘာသာ ခေတ်ကိုမဟုတ်ဘူး၊ အဲဒီအတောအတွင်းမှာ ဘုရားအလောင်းတွေ ပါရမီဖြည်.တော်မူလိုက်ကြတာ၊ ဒီတာ. ဒီအချက်ကလေးကို ပထမဆုံးနားလည်ပါစေ။
ဒီတော.ကာ ဟို ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာမဟုတ်ပေမယ်. သူတို.လဲ သူတို.နည်း သူတို.ဟန်နဲ. ၊ အင်း-လွန်ခဲ.တဲ. ဖြစ်လေရာ ဘ၀တုန်းက ကုသိုလ်တွေ ဖြစ်မှာပေါ.၊ သေခါနီးကျတော. နိမိတ်ထင်မှာပေါ.၊ နိမိတ်တွေထင်တဲ.အခါကျတော. အမျိုးမျိုးသောကံကြောင်. တချို.က ခုနက ပေါများတဲ. နိုင်ငံမှာ သွားပြီးတော.
ပဋိသန္ဓေနေကြမယ်၊ ဟို အဖေက သူဌေးလေ၊ အမေက သူဌေးလေ၊ သူတို.ကျတော. သူဌေး၊ ဘာပြောစရာရှိတုန်း၊ ဗုဒ္ဓဘာသာနဲ. ဘာဆိုင်တုန်း၊ ဗုဒ္ဓဘာသာနဲ.ဘာမှမဆိုင်ဘူး၊ အဖေကသူဌေးနဲ. အမေကသူဌေးနဲ.သာဆိုင်တယ်၊ နိုင်ငံကြီးနဲ.သာဆိုင်တယ်၊ အဲဒါနဲ. သူတို. သုံးမကုန်အောင်ပေါကြတယ်။
သုံးလို.ကိုမကုန်နိုင်အောင်ပေါတော.ကာ လူတွေက သုံးချည်းပစ်နေသလားဆိုတော. သုံးလို.ကို မကုန်နိုင်တော. ဆေးရုံတွေဆောက်ကြတယ်၊ သူတို.ပိုက်ဆံကြောင်. ဆင်းရဲတဲ.သူတွေ ကျန်းမာ ချမ်းသာစေချင်လိုက်တာ၊ မေတ္တာ ကရုဏာ ကြီးမားလိုက်တာ၊ (ကံက ကံက ကံက)၊ စာသင်ကျာင်းတွေ တကတည်း ငွေတွေထည်.ပြီးတော. ထောက်ပံ.ပေးနေကြတယ်၊ ဆေးရုံတွေ ဆောက်တယ်၊ စာသင်ကျောင်းတွေတည်တယ်၊ မရှိဆင်းရဲတဲ.သူတွေ နိုင်ငံတွေကို ကြီးပွားအောင်ကို ထောက်ပံ.ပေးနေတယ်၊ နည်းတဲ. သတ္တိတွေလား၊ နည်းတဲ.ကံတွေလား။
ဒီလူတွေက ရှေ.ကိုတက်ကြပါဦးမယ်၊ အကယ်၍များ အရိမေတ္တယျ မြတ်စွာဘုရားလက်ထက်မှာ သူတို.က လူအဖြစ်နဲ.ဆိုလို.ရှိရင် ဘုရားဆီရောက်ကြပါဦးမယ်၊ ဘုရားဆီရောက်တဲ.အခါကျတော. သစ္စာလေးပါးတရားကို နာကြရဦးမယ်။
ဒီလူတွေ ဒီဥာဏ်ရှိတဲ.သူတွေ နာတော.ကာ ကျွတ်တန်းဝင်ချင်လဲ ၀င်သွားမယ်၊ ဒါမှမဟုတ် နောက်ဘုရားလက်ထက် ကျွတ်တန်းဝင်ဖို.ရန် အထောက်အပံ. ကောင်းကောင်းကြီး ရသွားကြပါလိမ်.မယ်၊ ဒါကြောင်. ဗုဒ္ဓဘာသာဆိုပြီးတော. စိတ်ကြီးဝင်မနေကြပါနဲ.၊ ကောင်းကာင်းနေကြဖို. အရေးကြီးပါတယ်၊ ဗုဒ္ဓဘာသာဆိုပြီးတော. အမှတ်တမဲ. နေရင်တော. တခြားလူတွေက ဘုန်းကြီးတို.အပေါ်မှာ ကျော်ပြီးရင်း ကျော်သွားကြပါလိမ်.မယ်။
နိုင်ငံငယ်ငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာဖြစ်နေတာကတော. နိုင်ငံငယ်ကလေးတွေက စားစရာတွေရှိတယ်၊ စားစရာလေးတွေရှိတယ်၊ ပြီးတော. ဘုန်းကြီးတွေက စားစရာကို မှီပြီးတော. ဘုန်းကြီးတွေဖြစ်ရတယ်။ အဲဒီဘုန်းကြီးတွေက ဟောပြောပြီးပေးတော.မှ သူတို.က အသိဥာဏ်တွေရင်.ကျက်ပြီးတာ. လာခဲ.တယ်။


ရှင်အရဟံ၏ကျေးဇူး
နဂိုတုန်းက မြန်မာနိုင်ငံရဲ. အသိဥာဏ်ဟာ လှမ်းပြီးတော. ကြည်.စမ်း၊ အရည်းကြီးတွေ လက်ခံပြီး နေကတည်းကိုက မြန်မာနိုင်ငံ ဘယ်လောက် ညံ.နေတုန်း၊ အရည်းကြီးတွေကို လက်ခံရမှာမဟုတ်ဘူး၊ အရည်းကြီးတွေကို မောင်းထုတ်ရမှာ၊ အဲဒါကို ရှင်ဘုရင်နဲ.တကွ အရည်းကြီးတွေ လက်ခံလာကတည်းကိုက မြန်မာနိုင်ငံရဲ. အသိဥာဏ်က ဘယ်လောက်ညံ.နေတုန်း၊ ရှင်အရဟံသာ မလာလို.ရှိရင် မြန်မာနိုင်ငံက သိတဲ. အသိဥာဏ် ညံ.ပါတယ်၊ ရှင်အရဟံ ကြွလာပြီးတော. ဗုဒ္ဓတရားတော်တွေပါလာလို. ဒီအခြေအနေ၊ ဒီအရည်အချင်းတွေကို မြင်ရတာပါ၊ အကယ်၍များ ဗုဒ္ဓဘာသာ မဖြစ်လို.ရှိရင် ဗုဒ္ဓမြတ်စွာရဲ. တရားတော်တွေ မပါလာလို.ရှိရင်တော. မြန်မာနိုင်ငံ အခုထိ သည်ထက်ညံ.ပါဦးမယ်၊ အဲဒါလေးနားလည်ကြပါ။
ဗုဒ္ဓဘာသာကို မလဲနိုင်ကြောင်း....။

ဒါပေမယ်. ဘုန်းကြီးက ဗုဒ္ဓဘာသာဖြစ်ရတာကနေပြီး ဘာနဲ.မှ မလဲဘူး၊ ဟိုက သူဌေးစည်းစိမ်တွေနဲ. မလဲပါဘူး၊ အစားတော. ဆင်းဆင်းရဲရဲ စားရတာဟုတ်ပါတယ်၊ ပဲကြော်လေးတွေနဲ. စားနေရတောင်မှ ဟို သူဌေးစည်းစိမ်တွေနဲ. မလဲပါဘူး၊ အဲ ဘုန်းကြီးတို. တစ်သက်လုံး သုံးတဲ. အသုံးကို သူတို.က တစ်နေ.တောင် မသုံးလောက်သေးဘူး၊ ဒါပေမယ်. မလဲဘူး၊ ဘာဖြစ်လို.တုန်းဆိုတော. ဘုန်းကြီးတို.က ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ မြင်နေပြီလေ၊ လ၊ ပဋိသန္ဓေ နေရတဲ. ဒုက္ခ ကြားနေပြီလေ၊ သိနေပြီလေ၊ အိုရတဲ. ဒုက္ခ နာရတဲ.ဒုက္ခ ဒါတွေ သိနေပြီလေ။
သူတို.က မသိတသိ၊ သိလဲ သိပ်အရေးမကြီးဘူး၊ ဒုက္ခ မဖြစ်အောင် သူတို.က ကြိုးစားပေးနေတယ်လေ၊ ချစ်တဲ.သူတွေနဲ. ကွဲပြီးနေရတဲ. ဒုက္ခ၊ မုန်းတဲ.သူတွေနဲ. အတူနေရတဲ. ဒုက္ခ၊ ဘုန်းကြီးတို.က ဒါတွေတွေးပြီးတော. သိရတော. သံသရာကြီးထဲမှာ ကြာရှည်နေလို. မကောင်းဘူးလို. ငြီးငွေ.နေတဲ. ဥာဏ်ကလေး၇လာတာက
သူတို.ထက် မသာဘူးလား၊ သူတို. ဘယ်တော.မှ တစ်သက်လုံး ဒီဥာဏ်မျိုး မဖြစ်ဘူး၊ ဘုန်းကြီးတို.က မကြာခဏ ဖြစ်တယ်၊ ဒီဥာဏ်ကသာလာပြီနော်။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ရှိတယ်လို. ဆိုတာကို ဗုဒ္ဓမြတ်စွာဟောတော်မူတယ်၊ ယုတ္တိယုတ္တာတွေနဲ. စဉ်းစားကြတယ်၊ ဟုတ်တယ် ရှိထိုက်တယ်၊ တိရစ္ဆာန်တွေ ဆိုတာ ရှိထိုက်တယ်၊ သူ.ကံကြောင်. သူဖြစ်လာတာ၊ ဒါတွေ ဘုန်းကြီးတို.က ယုံကြည်တယ်၊ သူတို.က မယုံကြည်ဘူး၊
ငရဲရှိတယ်ဆိုတာကို သူတို.က မယုံကြည်ဘူး၊ ယခု တစ္ဆေတို. ဘာတို. နည်းနည်းလေး ယုံလာကြပြီ၊ ယုံတာလဲ ယောင်ယောင်ဝါးဝါးနဲ. ဘာတွေမှန်းမသိဘူး၊ ခုထိ စာတွေရေးကြပြီ၊ ဖတ်ကြပြီ၊ တစ္ဆေတွေရှိနေပြီ၊ သူတို. ဆွေတွေ မျိုးတွေ တစ္ဆေဖြစ်တာလဲ သူတို. စာဖတ်ရပြီ။
ဒါလဲ ဘာတွေတုန်း၊ ခုမှ ဘာတွေတုန်း ရှိသေးတယ်၊ သူတို.က ကကြီး ခခွေးရှိသေးတယ်၊ ဒီနေရာမှာ ဘုန်းကြီးတို.က မင်္ဂလသုတ်တွေ ရောက်ကုန်ပြီ၊ ဒီအသိကြတော. မင်္ဂလသုတ်တွေရောက်ကုန်ပြီ၊ ပဋ္ဌာန်းတွေရောက်လာပြီ၊
ဒီအသိကျတော. သူတို.ဟာ ကကြီး ခခွေး ရှိသေးတယ်၊ အံမယ် ဒီလိုက်လာမှာ ၊ ဒီလိုက်လာမှာ မသိဘဲနဲ. စောင်.နေ ဘုန်းကြီးတို.က စောင်.နေချင်လိုက်တာ ၊ လိုက်လာမှာ ၊ ဘုန်းကြီးတို. နောက် လိုက်လာမှာ ၊ ဒါတွေ လိုက်လာလိမ်.မယ်၊ သူတို. ကကြီး ခခွေး၊ တစ္ဆေရှိတယ်၊ တစ္ဆေရှိတယ် ၊ သေသွား ဟိုဖက် ဘ၀မှာ ၊ အင်း -ပြောနေတဲ.နောက် ကကြီးရေး ကတို. နည်းနည်း တက်လာပြီ၊ နည်းနည်းတက်လာပြီ၊ ဒီက ပဋ္ဌာန်းရောက်နေပြီ၊အဲဒီမှာ ဘုန်းကြီးတို.က သူတို.နဲ. ကွာသွားပြီ။
တစ်ခါ ခါ ကုသိုလ်ပြုတဲ. အခါကျတော. နိဗ္ဗာန်ကရှိနေပြီလေ၊ နိဗ္ဗာန်ရှိနေတော. သူတို.က ဆေးရုံကြီးတွေ ဆောက်တယ်၊ နိဗ္ဗာနပစ္စယော မပါဘူး၊ ကံတော်ကံငြား ဘုရားနဲ. နောက်ထပ် တွေ.ရဦးမယ်၊ ဘုန်းကြီးတို.က ဆွမ်းကလေး လောင်းတာတောင် မနက်က နိဗ္ဗာနပစ္စယော ဟောတုနော်၊ နိဗ္ဗာန်ကိုမှန်းနော်၊ နိဗ္ဗာန်ကို မှန်းနော်၊
နိဗ္ဗာန်ဆိုတာဟာ ဘုရား ပရိနိဗ္ဗာန်စံတဲ. နိဗ္ဗာန်၊ အရှင်သာရိပုတ္တရာ ၊အရှင်မောဂ္ဂလ္လာန်တို.ပရိနိဗ္ဗာန်စံတော်မူံတဲ. နိဗ္ဗာန်၊ တို.လဲ အဲဒီနိဗ္ဗာန်ကို နောက်ဆုံး ရောက်ရမယ်လို. ဒါလေးသိထားတယ်။
သူတို. အဲဒီလို မသိကြဘူး၊ သူတို.မကြားဖူးဘူး၊ ခုသူတို. ဒီလိုမသိဘူး၊ သူတို.က နေ.တိုင်း သုံးချင်တာ သုံးနေလေ အကာင်းစားချင်တာ စားနေလေ၊ ဒီအသိမျိုး မသိဘူး၊ ဘုန်းကြီးတို.က နိဗ္ဗာန်ကိုလဲ သိနေတယ်၊ နိဗ္ဗာန်ရောက်ရပါလိုရဲ.၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလိုရဲ.၊ နိဗ္ဗာနပစ္စယော ဟောတု၊ နိဗ္ဗာနပစ္စယော ဟောတု၊ ဘုန်းကြီးတို.က အဆင်းအတန်းတွေ သိပ်ပြီးမြင်.တာပဲ၊ ဒီမြင်.တဲ. အဆင်းအတန်းကို ဘုန်းကြီးတို.က ထပ်ပြီးတော. ကိုယ်တိုင်တကယ်. ပီပီသသ သူတော်ကောင်းဖြစ်အောင် ကြိုးစား ၊ အကုသိုလ်တွေ ရှောင်ပြီးတော. ဒီလို နေနိုင်ကြလို.ရှိရင် သူတို.လို မသုံးနိုင်ပေမယ်. လို.၊သူတို.လို မစားနိုင်ပေမယ်လို. တရားအသိဥာဏ်ရနေတော. သူတို.ထက် အရင်ပဲ နိဗ္ဗာန်ကိုမြင်မယ်. ပုဂ္ဂိုလ်တွေ ဖြစ်လို.မို. ၀မ်းမြောက်စရာကြီး အင်မတန်ကောင်းပါတယ်၊ ဒါကြောင်. ပဋ္ဌာန်းတရားတော်နဲ. စပ်ပြီးတော. သိစရာတွေ အများကြီး သိလာကြပြီလေ။
အဲဒီသိတာကို အကြောင်းပြုပြီး သကာလ မိမိတို. ကိုယ်တိုင် စိတ်နေ စိတ်ထားတွေကို ပြုပြင်ပြီးတဲ သကာလ ၀ီရိယ ရှိရှိနဲ. နေနိုင်အောင် ကြိုးစားကြပါ။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ - အခြေပြုပဋ္ဌာန်းတရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)။