Saturday, June 8, 2013

အရှောင်ရနိုင်ငံရေးသမား



နေနေတာကမြန်မာပြည် အထင်ကြီးနေတာက နိုင်ငံခြား..။

နေနေတာက နိုင်ငံခြား လွမ်းနေရတာက မြန်မာပြည်..။

မြန်မာနိုင်ငံသားမှန်ရင် နိုင်ငံခြားတိုင်းပြည်မှာ မည်သို့ပင် ဇိမ်ခံ ပစ္စည်းတွေနဲ့နေရစေကာမူ

အမိမြန်မာပြည်ကိုတော့ မေ့နိုင်ရိုးထုံးစံမရှိပါဘူး..။

လူမှုရေး စားသောက်နေထိုင်ရေး ပေါင်းသင်းဆက်ဆံရေး ကူညီရိုင်းပင်းရေး စသည့်အရေး

တွေတော်တော်များများသည် မြန်မာပြည်ကိုမှီနိုင်တာ မြန်မာပြည်ကိုမှီဖို့ဆိုတာ ရှိတော့ရှိလိမ့်မယ်

ရှားပါးလိမ့်မယ်ထင်ပါတယ်..။  တသီး၏တခြားနေသော အတ္တဆန်နေတဲ့သူတွေကလွဲလို့ပေါ့..။

တကယ်လို့သာ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော် အမှန်တကယ်ဖြစ်လာပြီဆိုရင်တော့

အခြားအခြားသော တိုးတက်ပြီးနိုင်ငံတွေများထက် အလျင်အမြန်မှီလာနိုင်မှာဖြစ်ပါတယ်..။

ဒီမိုကရေစီအသွင်ဆောင်လာလေလေ လူတိုင်းလူတိုင်းမှာ စည်းကမ်းပိုရှိလာလေလေ ဖြစ်လာရမှာ

ဖြစ်ပါတယ်။ လွတ်လပ်တာကသပ်သပ် စည်းကမ်းရှိတာသပ်သပ်

တသီးတခြားခွဲခြားထားရမှာဖြစ်ပါတယ်။ ဒီမိုကရေစီလို့နာမည်တပ်ပြီး ဦးဆောင်သူကိုယ်တိုင်ကိုက

မိမိရဲ့စိတ်ခံစားချက် Emotional ကိုမထိန်းသိမ်းဘဲ ဒီမိုကရေစီအတွက်လို့ကြွေးကြော်ပြီး

ပရမ်းပတာရေး ပရမ်းပတာပြော ပဋိပက္ခသွင်ဆောင်စေသည့် ဝေဖန်တိုက်ခိုက်မှုတွေလုပ်နေသေး

သရွေ့တော့ ဒီမိုကရေစီဆိုတာပါးစပ်ဖျားမှာဘဲ ရေရှည်တည်တံ့နေဦးမှာဘဲ..။ အဲသလိုပရမ်းပတာ

လုပ်နေတဲ့သူကိုယ်တိုင်ကဘဲ အရင်ဦးစွာ ကျရှုံးသွားမှာဖြစ်ပါတယ်..။

မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကိုခြုံငုံသုံးသပ်ကြည့်လိုက်ရင်လည်း

ဒီမိုကရေစီလို့အကာအကွယ်ယူပြီး သြဇာအာဏာရှိ ဦးဆောင်သူကိုယ်တိုင်ကိုက တစ်ဖက်သတ်ဝေ

ဖန်တိုက်ခိုက်မှုတွေတစ်ဖက်သတ်ကိုအမွှမ်းတင်အားပေးမှုတွေလုပ်နေတာကြောင့် မဖြစ်သင့်တဲ့

ပဋိပက္ခတွေဖြစ်ပေါ်လာရတယ်လို့ခြုံငုံသုံးသပ်မိပါတယ်..။ ပဋိပက္ခတွေမဖြစ်ဖြစ်အောင်

အားပေးလှုံ့ဆော်ဝေဖန်တိုက်ခိုက်မယ် ဖြစ်လာသည့်အခါ ဘယ်သူဘယ်ဝါက

လူ့အခွင့်အရေးနဲ့မညီညွတ်ဘူး လူ့အခွင့်အရေးချိုးဖောက်တယ် နိုင်ငံတကာစံချိန်စံနူန်းနဲ့မညီဘူး

လို့တစ်ဖက်သတ်ပြန်ပြီးဝေဖန်တိုက်ခိုက်မယ် ဒါတွေကိုထပ်ခါထပ်ခါ ပုံပြင်တွေရွတ်နေတော့တာဘဲ။

 နိုင်ငံတကာစံချိန်စံနူန်းနဲ့မညီညွတ်ဘူးလို့ ထပ်ခါထပ်ခါအော်နေတတ်သူများအတွက်

 မြန်မာပြည်မှာနေဖို့မကောင်းဘဲ စံချိန်စံနူန်းမှီနေတဲ့နိုင်ငံရပ်ခြားတိုင်းပြည်မှာ

ထွက်ပြီးနေဖို့ကောင်းတယ်လို့သာအကြံပြုတိုက်တွန်းမိပါတယ်..။ ပြည်ပြေးမြန်မာနိုင်ငံသူနိုင်ငံသား

တွေ မြန်မာပြည်မှာမကောင်းဘူးလို့ ကမ္ဘာကိုလှည့်ပတ်အော်နေပေမယ့် ပြည်ပရောက်မြန်မာနိုင်ငံ

သားတွေ အမိမြေကိုပြန်လာကြပါလို့ဖိတ်ခေါ်တဲ့အခါ သူ့ထက်ငါအလွန် အလျင်အမြန်

ပြန်လာချင်ကြတာကို ကြည့်ခြင်းအားဖြင့် ပြည်ပမှာနေရတာ အခက်အခဲတွေဘယ်လောက်ရင်ဆိုင်

ခံစားရတယ်ဆိုတာ သိသာထင်ရှားပါတယ်..။ ဘာဖြစ်လဲလို့အဖြေ ရှာကြည့်လိုက်တော့

အရှောင်ရဖို့သက်သက်အတွက်ပါပဲ..။ ဟိုလူဆီအရှောင်ရရင် အရှောင်ယူမယ်။ ဒီလူဆီအရှောင်ရရင်

အရှောင်ယူမယ်။ ဟိုင်နိုင်ငံအရှောင်ရရင် အရှောင်ယူမယ်။ ဒီနိုင်ငံအရှောင်ရရင် ဒီနိုင်ငံမှာအရှောင်

ယူမယ်။ ဒီမိုကရေစီဗန်းပြပြီး မြန်မာနိုင်ငံမကောင်းဘူးလို့အော်မယ်..။ အရှောင်ရနိုင်ရေးသမားရဲ့

ရည်ရွယ်ချက်ကတော့ ဒါပါပဲ..။ မြန်မာပြည်ကိုတကယ်ချစ်လို့နိုင်ငံရေးလုပ်နေသူတွေအတွက်တော့

မရည်ရွယ်ပါဘူး။ အဲဒီနိုင်ငံရေးသမားကိုတော့ ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ်..။

No comments:

Post a Comment