စည်းလုံးခြင်းသည် အင်အားလို့ မြန်မာစကားပုံရှိသလို
လွောင်;ဗူ;မှ ထွာရဲင်အာ; လို့ပအိုဝ်းစကားပုံလည်းရှိပါတယ်။။
ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကတော့ ဒီနှစ်အတွက်ဆို သက်ဆိုင်ရာနေရာဒေသအသီးသီးမှာ
အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဦးဇင်းတို့အနေနဲ့
အတူပါဝင်ဆင်နွဲဖို့အခွင့်မသာခဲ့ပေမယ့်လည်း
ွပွဲတော်ကျင်းပပေးသည့် အဖွဲ့ဝင် ပါဝင်ဆင်ခွင့်ရခဲ့ကြသူများနှင့် ထပ်တူညီမျှ
ဝမ်းလည်းသာတယ် ဂုဏ်လည်းယူပါတယ်..။
ပအိုဝ်းမိသားစုများအနေနဲ့ ခုလိုစည်းလုံးကြလို့လည်းအမျိုးသားပွဲတော်ကို
အောင်မြင်စွာကျင်းပနိုင်ခဲ့တာသက်သေပါပဲ။ ဒီနေရာမှာစည်းလုံးခြင်းဆိုတာနှင့်ပတ်သက်လို့
၁။ လူစည်းလုံးခြင်း
၂။ စိတ်ဓာတ်ပိုင်းဆိုင်ရာစည်းလုံးခြင်းလို့
နှစ်မျိုးနှစ်စားခွဲခြားရမယ်ထင်ပါတယ်..။
အမျိုးဘာသာ သာသနာ တိုးတက်ဖို့အရေးနှင့်ပတ်သက်လျှင်လည်း ဒီစည်းလုံးခြင်းနှစ်မျိုးကို
မရှိမဖြစ်တကယ့်ကိုလိုအပ်ပါတယ်..။ ဒီ့ထက်အရေးကြီးတာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာစည်း
လုံးခြင်းပါပဲ..။လူသာစည်းလုံးမှုရှိပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာစည်းလုံမှုမရှိလျှင်
ဘယ်သူခွဲခွဲ အလွယ်တကူကွဲမှာပါပဲ။ လူမျိုးအနေနဲ့ မည်သို့ပင်စည်းလုံးစေကာမူ
စိတ်ဓာတ်ပိုင်းဆိုင်ရာစည်းလုံးမှုမရှိလျှင် လောကဂုဏ်ပကာသနနဲ့အလွယ်တကူဖြိုခွဲနိုင်တယ်ဆို
တာ လွန်ခဲ့တဲ့အတိတ် သက်ဆိုင်ရာအမျိုးသားတော်လှန်ရေးကိုကြည့်ရင်သိသာထင်ရှားပါတယ်။
အထူးသဖြင့် အဝေးရောက်နေကြတဲ့ပအိုဝ်းမိသားစုများတွေအနေနဲ့ အတူနေတုန်းခဏမှာ
တစ်ဦးကိုတစ်ဦး မိသားစုစိတ်ဓာတ်တွေမွေးတတ်ဖို့အထူးအရေးကြီးလှပါတယ်။
နေနေတဲ့နေရာဒေသဘဲကွာချင်ကွာမယ် ။ ဒါပေမယ့် ခမ်းကောင်လည်းပအိုဝ်းဘဲ။
ခမ်းဒွမ်လည်းပအိုဝ်းဘဲ။
ခမ်းဒွမ်နဲ့ပတ်သက်လို့နေရာဒေသတော်တော်များများမှာ ဦးဇင်းအနေနဲ့နေထိုင်ခဲ့ဖူးပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာနေနေတုန်းအခိုက် ရေဂျော်လေး ရေဂျော်ကြီးရွာ
သာမည အိန္ဒို သထုံလိုနေရာဒေသမျိုးမှာလည်းမကြာခဏဆိုသလိုရောက်ပါတယ်။
မော်လမြိုင်မြို့မှာနေနေတုန်းခဏမှာလည်း ဇင်းဂျိုက် ဘီးလင်းလိုမြို့တွေမှာလည်းမကြာခဏ
ရောက်ဖူးပါတယ်။ ရန်ကုန်မှာနေနေတုန်းမှာလည်း ထန်းတပင် ဇရပ်ကြီး
စသည့်အရပ်ဒေသတွေမှာလည်းရောက်ဖူးပါတယ်။အဲဒီနေရာဒေသတွေမှာအားလုံးဟာ နွေးနွေး
ထွေးထွေးပါပဲ။ အားလုံးဟာပအိုဝ်းဆိုတဲ့စိတ်ဓာတ်မာန်အပြည့်နှဲ့ ကိုယ်စွမ်းနိုင်ရာ ကိုယ့်တာဝန်ကို
ထမ်းဆောင်နေကြတာပါပဲ..။အမျိုးသားရေးတာဝန်ကိုထမ်းဆောင်ရာမှာ
တစ်ဦးတစ်ယောက်ခြင်းစီ သန်မာနေရုံနဲ့မလုံလောက်သလို ခွဲခြားတတ်တဲ့စိတ်ဓာတ်တွေရှိနေရင်
ဘယ်လိုမှမရနိုင်ပါဘူး။ ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် ထင်းအမျိုးအစားလည်းတူမယ်။
တစ်ချောင်းစီအနေနဲ့လည်းသန်မာမှုရှိတယ်။ ဒါပေမယ့် အဲဒီထင်းသည် တစ်စည်းထဲမဖြစ်လျှင်
ဘယ်သူမဆိုချိုးဖျက်နိုင်မှာဘဲ..။ ပအိုဝ်းလူမျိုးချင်းလည်းတူတယ်။
တစ်ဦးတစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင်အရည်အချင်းအရ သန်မာမှုမာမှုရှိမယ်။
ဒါပေမယ့် ခွဲခြားခွဲခြားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာစုစည်းမှုမရှိရင် တကယ့်အရေးနှင့်ကြုံလာတဲ့အခါ
စုစည်းလို့လည်းမရနိုင်သည့်အပြင် ဘယ်သူမဆိုအလွယ်တကူဖြိုခွဲနိုင်မှာအမှန်ဘဲ။
ဒါကြောင့်ပအိုဝ်းအမျိုးသားရေး ရေရှည်တိုးတက်ဖို့ ဇာတိသွေး၊
ဇာတိမာန်စိတ်ဓာတ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ ထက်မြက်ရှင်သန်ရေး၊
နိုင်ငံတော်ကိုချစ်မြတ်နိုးသောစိတ်ဓာတ်များကိန်းအောင်းလားစေရေးဆိုသည့်ရည်ရွယ်ချက်ဖြင့်
ပအိုဝ်းအမျိုးသားနေ့တပေါင်းပွဲတော်သက်ဆိုရာနေရာဒေသအသီးသီးမှာ
စဉ်ဆက်မပြတ်ကျင်းပနိုင်ဖို့ ရန်အတွက်အထက်ပါဆို ခဲ့သည့်စည်းလုံးခြင်းနှစ်မျိုးကို
အချိန်တိုင်းလိုအပ်ပါတယ်။ ထို့ထက်အရေးကြီး သောအရာမှာခမ်းကောင်လည်းပအိုဝ်းဘဲ
ခမ်းကောင်လည်းပအိုဝ်းဘဲ။ အားလုံးသည်ပအိုဝ်းမိသားစုဘဲလို့မိသားစုဆိုတဲ့စိတ်ဓာတ်နှင့်
စိတ်ဓာတ်ပိုင်းဆိုင်စည်းလုံးဖို့ပအိုဝ်းမိသားစုမှာ မရှိလို့မဖြစ်မွေးမြူနိုင်ရမှာဖြစ်ပါတယ်..။
မွေးလည်းမွေးမြူနိုင်ကြပါစေ....
နှောင်နှစ်နှောင်နှစ်တွေမှာလည်း ပအိုဝ်းအမျိုးသားနေ့မှာ အတူဆင်နွှဲလို့ ပျော်ရွှင်စွာ
ပြန်လည်ဆုံတွေ့နိုင်ကြပါစေ..။
http://myanandakambawza.blogspot.com
No comments:
Post a Comment