Saturday, March 30, 2013

“ ပဋိပက္ခ ငြိမ်းချမ်းရေး မူလေးချက်သြ၀ါဒ ”

စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင် ကြီးမားဖို့ရယ်၊ 

ကျယ်ပြန့်တဲ့နား၊ မျက်စိတွေ အသိဥာဏ်ကြီးကြီးနဲ့ 


စီမံချက်တွေကို သွက်သွက်လက်လက်နဲ့ အေးအေး


ချမ်းချမ်း ဆောင်ရွက်ကြဖို့လိုလိမ့်မယ်။

စိတ်တွေက မြန်တယ်။ ဆောင်ရွက်ရင်းနဲ့ စိတ်ဆိုး


လာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ 


ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင် ပြင်ဆင်


ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်နဲ့


မလုပ်ခဲ့ကြတာတွေ၊ မလုပ်နိုင်ကြတာတွေ စုနေကြမယ် 


ဆိုရင်ဒီပဋိပက္ခတွေက ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ 


ဒါကြောင့်....


    (၁) ဆင်လိုလည်းပဲ အားကောင်းရမယ်။


    (၂) မြင်းလိုလည်းပဲ မြန်ရမယ်၊


    (၃) နွားလိုလည်းပဲ သည်းခံရမယ်။


   (၄) ခြင်္သေ့လိုလည်းပဲ သတ္တိရှိရမယ်။


ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီပါတယ်။ 


အဲဒီ မူလေးချက်နဲ့ ဆောင်ရွက်ကြပါဆိုတာကို 


တိုက်တွန်းပါတယ်။

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး


ဒေါက်တာအရှင်ဥာဏိဿရ

လွောင်;ဗူ;မှ ထွာအာ;ရဲင်.. စည်းလုံးခြင်းသည်အင်အား..။



စည်းလုံးခြင်းသည် အင်အားလို့ မြန်မာစကားပုံရှိသလို



လွောင်;ဗူ;မှ ထွာရဲင်အာ; လို့ပအိုဝ်းစကားပုံလည်းရှိပါတယ်။။

ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကတော့ ဒီနှစ်အတွက်ဆို သက်ဆိုင်ရာနေရာဒေသအသီးသီးမှာ

အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဦးဇင်းတို့အနေနဲ့

အတူပါဝင်ဆင်နွဲဖို့အခွင့်မသာခဲ့ပေမယ့်လည်း

ွပွဲတော်ကျင်းပပေးသည့် အဖွဲ့ဝင် ပါဝင်ဆင်ခွင့်ရခဲ့ကြသူများနှင့် ထပ်တူညီမျှ

ဝမ်းလည်းသာတယ် ဂုဏ်လည်းယူပါတယ်..။

ပအိုဝ်းမိသားစုများအနေနဲ့ ခုလိုစည်းလုံးကြလို့လည်းအမျိုးသားပွဲတော်ကို

အောင်မြင်စွာကျင်းပနိုင်ခဲ့တာသက်သေပါပဲ။ ဒီနေရာမှာစည်းလုံးခြင်းဆိုတာနှင့်ပတ်သက်လို့

၁။ လူစည်းလုံးခြင်း

၂။ စိတ်ဓာတ်ပိုင်းဆိုင်ရာစည်းလုံးခြင်းလို့

နှစ်မျိုးနှစ်စားခွဲခြားရမယ်ထင်ပါတယ်..။

အမျိုးဘာသာ သာသနာ တိုးတက်ဖို့အရေးနှင့်ပတ်သက်လျှင်လည်း ဒီစည်းလုံးခြင်းနှစ်မျိုးကို

မရှိမဖြစ်တကယ့်ကိုလိုအပ်ပါတယ်..။ ဒီ့ထက်အရေးကြီးတာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာစည်း

လုံးခြင်းပါပဲ..။လူသာစည်းလုံးမှုရှိပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာစည်းလုံမှုမရှိလျှင်

ဘယ်သူခွဲခွဲ အလွယ်တကူကွဲမှာပါပဲ။ လူမျိုးအနေနဲ့ မည်သို့ပင်စည်းလုံးစေကာမူ

စိတ်ဓာတ်ပိုင်းဆိုင်ရာစည်းလုံးမှုမရှိလျှင် လောကဂုဏ်ပကာသနနဲ့အလွယ်တကူဖြိုခွဲနိုင်တယ်ဆို

တာ လွန်ခဲ့တဲ့အတိတ် သက်ဆိုင်ရာအမျိုးသားတော်လှန်ရေးကိုကြည့်ရင်သိသာထင်ရှားပါတယ်။

အထူးသဖြင့် အဝေးရောက်နေကြတဲ့ပအိုဝ်းမိသားစုများတွေအနေနဲ့ အတူနေတုန်းခဏမှာ

တစ်ဦးကိုတစ်ဦး မိသားစုစိတ်ဓာတ်တွေမွေးတတ်ဖို့အထူးအရေးကြီးလှပါတယ်။

 နေနေတဲ့နေရာဒေသဘဲကွာချင်ကွာမယ် ။ ဒါပေမယ့် ခမ်းကောင်လည်းပအိုဝ်းဘဲ။ 

ခမ်းဒွမ်လည်းပအိုဝ်းဘဲ။

ခမ်းဒွမ်နဲ့ပတ်သက်လို့နေရာဒေသတော်တော်များများမှာ ဦးဇင်းအနေနဲ့နေထိုင်ခဲ့ဖူးပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာနေနေတုန်းအခိုက် ရေဂျော်လေး ရေဂျော်ကြီးရွာ

သာမည အိန္ဒို သထုံလိုနေရာဒေသမျိုးမှာလည်းမကြာခဏဆိုသလိုရောက်ပါတယ်။

မော်လမြိုင်မြို့မှာနေနေတုန်းခဏမှာလည်း ဇင်းဂျိုက် ဘီးလင်းလိုမြို့တွေမှာလည်းမကြာခဏ

ရောက်ဖူးပါတယ်။ ရန်ကုန်မှာနေနေတုန်းမှာလည်း ထန်းတပင် ဇရပ်ကြီး

စသည့်အရပ်ဒေသတွေမှာလည်းရောက်ဖူးပါတယ်။အဲဒီနေရာဒေသတွေမှာအားလုံးဟာ နွေးနွေး

ထွေးထွေးပါပဲ။ အားလုံးဟာပအိုဝ်းဆိုတဲ့စိတ်ဓာတ်မာန်အပြည့်နှဲ့ ကိုယ်စွမ်းနိုင်ရာ ကိုယ့်တာဝန်ကို

 ထမ်းဆောင်နေကြတာပါပဲ..။အမျိုးသားရေးတာဝန်ကိုထမ်းဆောင်ရာမှာ

တစ်ဦးတစ်ယောက်ခြင်းစီ သန်မာနေရုံနဲ့မလုံလောက်သလို ခွဲခြားတတ်တဲ့စိတ်ဓာတ်တွေရှိနေရင်

ဘယ်လိုမှမရနိုင်ပါဘူး။ ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် ထင်းအမျိုးအစားလည်းတူမယ်။

တစ်ချောင်းစီအနေနဲ့လည်းသန်မာမှုရှိတယ်။ ဒါပေမယ့် အဲဒီထင်းသည် တစ်စည်းထဲမဖြစ်လျှင်

ဘယ်သူမဆိုချိုးဖျက်နိုင်မှာဘဲ..။ ပအိုဝ်းလူမျိုးချင်းလည်းတူတယ်။

တစ်ဦးတစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင်အရည်အချင်းအရ သန်မာမှုမာမှုရှိမယ်။

ဒါပေမယ့် ခွဲခြားခွဲခြားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာစုစည်းမှုမရှိရင် တကယ့်အရေးနှင့်ကြုံလာတဲ့အခါ

စုစည်းလို့လည်းမရနိုင်သည့်အပြင် ဘယ်သူမဆိုအလွယ်တကူဖြိုခွဲနိုင်မှာအမှန်ဘဲ။

ဒါကြောင့်ပအိုဝ်းအမျိုးသားရေး ရေရှည်တိုးတက်ဖို့  ဇာတိသွေး၊

ဇာတိမာန်စိတ်ဓာတ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ ထက်မြက်ရှင်သန်ရေး၊

နိုင်ငံတော်ကိုချစ်မြတ်နိုးသောစိတ်ဓာတ်များကိန်းအောင်းလားစေရေးဆိုသည့်ရည်ရွယ်ချက်ဖြင့်

ပအိုဝ်းအမျိုးသားနေ့တပေါင်းပွဲတော်သက်ဆိုရာနေရာဒေသအသီးသီးမှာ

စဉ်ဆက်မပြတ်ကျင်းပနိုင်ဖို့ ရန်အတွက်အထက်ပါဆို ခဲ့သည့်စည်းလုံးခြင်းနှစ်မျိုးကို

အချိန်တိုင်းလိုအပ်ပါတယ်။ ထို့ထက်အရေးကြီး သောအရာမှာခမ်းကောင်လည်းပအိုဝ်းဘဲ

ခမ်းကောင်လည်းပအိုဝ်းဘဲ။ အားလုံးသည်ပအိုဝ်းမိသားစုဘဲလို့မိသားစုဆိုတဲ့စိတ်ဓာတ်နှင့်

စိတ်ဓာတ်ပိုင်းဆိုင်စည်းလုံးဖို့ပအိုဝ်းမိသားစုမှာ မရှိလို့မဖြစ်မွေးမြူနိုင်ရမှာဖြစ်ပါတယ်..။



မွေးလည်းမွေးမြူနိုင်ကြပါစေ....

နှောင်နှစ်နှောင်နှစ်တွေမှာလည်း ပအိုဝ်းအမျိုးသားနေ့မှာ အတူဆင်နွှဲလို့ ပျော်ရွှင်စွာ

ပြန်လည်ဆုံတွေ့နိုင်ကြပါစေ..။


http://myanandakambawza.blogspot.com

Thursday, March 28, 2013

ရှမ်းပြည်နယ်တောင်ပိုင်းရှိတောင်ကြီးမြို့တော်၏နောက်ခံသမိုင်း

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင်
အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်တည်ရှိပါသည်။
၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်
အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်
တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်
ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သား
ရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်
တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကို
အခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)
နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာ
ညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ ဒေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။
ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တ၀ိုက်သို့ (၁၂၅၁)
ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ထိုအချိန်က
တောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ ဖရဲ၊ သထုံ၊ ဝေင်ယ အစရှိသော
ပအိုဝ်းရွာများ ရှိသည်။ ``ဝေင်ယ´´ဟူသော အဓိပ္ပါယ်မှာ ``မြို့ဟောင်း´´ဟူ၍
ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခု
တောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင်
တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း
မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။

တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က
တည်ရှိနေခဲ့သောပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်းတီ
ဟုခေါ် လေသည်။
ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံ
တောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။
အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၄င်းအပင်ပေါက်ရာ
ရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊
မွန် ခြဲင်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၎
ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည်
တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင်
မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီး
ထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကို ပြုပြင်ကာ
တောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းက

ယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတ၀ဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကို
မှတ်သားရပေသည်။

မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀
ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင်
တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့်
တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍၀ိဝါဒ အမျိုးမျိုးဖြစ်နေသည်။
အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့
အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလလွန် ၃ နှစ်သည်
နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်
လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကို
ရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။

မိုင်းသောက်ဒေသသည် ငှက်ဖျားများရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာ
ကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏
အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာ
သည်။ 
ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်
ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်က
ပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်
အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။
ထိုဒေသတွင် ယခင်က ဖရဲ၊ သထုံ၊ ဝေင်ယရွာများရှိရာ ဝေင်ယသည် ပအိုဝ်း
ဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်း
နေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခု
တောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။

စာရေးသူမှတ်သား ရသည်မှာ ယခု မြို့မ ဈေးကြီး နေရာသည် ယခင်က
ဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က ဖရဲတွင်
ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာ
တောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။
အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်းတီခေါ် တောင်ကြီးရွာကို ဦးအောင်သာ
က အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊
နဂါးပတ်ကျောင်း ၀န်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။

အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှ
အင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမား
ကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။
ဈေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊
ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်
ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမ
တောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်
ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း
တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။


စာကိုး
1. ↑ စူဠာမုနိ လောကချမ်းသာ စေတီတော် တည်ဆောက်ရေး မှတ်တမ်းစာအုပ်

http://sites.google.com/site/007netshine/shan-history မှကူးယူပါသည်။

Tuesday, March 26, 2013

ပအိုဝ်းတိုင်းရင်းသားတို့၏အကြောင်းသိကောင်းစရာများ


ပအိုဝ်းတိုင်းရင်းသားများသည်-
ကရင်တိုင်းရင်းသားများနဲ့အတူ မွန်ဂိုလီးယားကုန်းမြင့်ပြင်မှ
မြန်မာပြည်တွင်းသို့ သံလျင်မြစ်နှင့် မဲခေါင်မြစ်အတိုင်း
ဆင်းသက်ပြောင်းရွေ့လာကြပါသည်။ဘီစီ(၉)ရာစုလောက်တွင်
ရှမ်းကုန်းမြင့်ပြင်တောင်ပိုင်း ကရင်နီတောင်တန်း တလျှောက်တွင်အခြေချနေထိုင်ခဲ့ကြလေသည်။ပအိုဝ်းနှင့် ကရင်တိုင်းရင်းသားများသည်မန်မာပြည်သို့ဝင်ရောက်လာရာတွင်
အခြားသောတိုင်းရင်းသားလူမျိုးများထက်သာလွန်ရ်ျစောသည်ဟုသမိုင်းမှတ်တမ်းအရ
သိရပါသည်။နောက်ပိုင်းတွင်လူမျိုးပေါင်းစုံများတိုးချဲ့ဝင်ရောလာမှုကြောင့်
ပအိုဝ်းနှင့်ကရင်တိုင်းရင်းသားများသည် တောင်ဘက်သို့ပြောင်းရွေ့လာကြရင်း
သထုံတွင်အခြေတကျနေထိုင်ကြကြောင်းသမိုင်းပညာရှင်များက ဆိုပါသည်။
ပအိုဝ်းတိုင်းရင်းသားများသည် သထုံတွင်အခြေချနေထိုင်သောအချိန်မှာ
ဘီစီ(၉)ရာစုဝန်းကျင်ကတည်းကဖြစ်ပါသည်။ထို့နောက်သုဝဏ္ဏဘုမ္မိသထုံ
ပြည်ကို တည်ထောင်ကြပြပီး မင်းဆက်ပေါင်း(၁၅၈)ဆက်
ကိုအုပ်ချုပ်ခဲ့လေသည်။သုဝဏဘုမ္မိတွင်ဗုဒ္ဓဘာသာထွန်းကား
ထင်ရှားသောပအိုဝ်းမင်းမှာသူရိယစန္ဒာမင်းဖြစ်သည်။သူရိယစန္ဒာမင်းသည်
မဟာသက္ကရာဇ်(၁၄)ခုတွင် နန်းတက်ပြီး သမိုင်းတွင်
ထင်ရှားသောရွှေစာရံစေတီတော်မြတ်ကြီးကိုတည်ထားခဲ့ပြီး
ပအိုဝ်းလူမျိုးတို့၏အရောင်ထွန်းတောက်အောင်ဆောင်ရွက်နိုင်ခဲ့သည့်မင်းတစ်
ပါးဖြစ်ခဲ့ပါသည်။သုဝဏ္ဏဘုမ္မိသထုံပြည်
နောက်ဆုံးမင်းဆက်ဖြစ်သောမနူဟာမင်းလက်ထက်တွင် ပုဂံပြည့်ရှင်
အနော်၇ထာမင်းကဗုဒ္ဓဘာသာသာသနာပြန့်ပွားရေးအတွက်အကြောင်းပြုပြီး
သုဝဏဘုမ္မိသထုံပြည်ကိုတိုက်ခိုက်သိမ်းယူပြီး အတတ်ပညာရှင်များကို
ပုဂံပြည်တော်သို့ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်မှစ
ပအိုဝ်းတိုင်းရင်းသားများသည် ခိုကိုးရာမဲ့ဖြစ်သဖြင့် ၀ါးအစည်းပြေသကဲ့သို့
အသုတ်(၉)သုတ်ခွဲပြီးသထုံပြည်မှထွက်ခွာခဲ့ကြသည်။မော်ထော့ဖာ
ဦးဆောင်သည့်အသုတ်မှာ ပခုက္ကူ အနောက်ဖက်တွင် နေရာသစ်အဖြစ်
ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ခွန်ဆာနှင့်ခွန်နိုင်ဦးဆောင်သောအဖွဲ့များမှာ
ရှမ်းပြည်သို့တက်လာပြီး ဆီဆိုင်တွင်မြို့တည်သထုံလေးဟုနာမည်မည့်သမုတ်ခဲ့ကြလေသည်။
ထို့ကြောင့် မြန်မာအစတကောင်းက ဆိုသလို ပအိုဝ်းလူမျိုးအစ သထုံက ဟု
သမိုင်းတွင်ပြောစမှတ်ပြုကြလေသည်။

ပအိုဝ်းတိုင်းရင်းသားများ ပြန့်နှံ့နေထိုင်ရာဒေသ…။
လွန်ခဲ့သောအနှစ်(၇၀)ကျော်၊ ၁၉၃၁-ခုနှစ်၊ သန်းခေါင်စာရင်းအရ
မြန်မာနိုင်ငံအတွင်းရှိ ပအိုဝ်းလူဦးရေသည် (၂၂၅၈၂၂)
ဖြစ်သည်ဟုသိရသည်။ယခုအခါ (၁၀၀၂၁၅၀) ရှိသည်ဟုသိရသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိင်ငံအရှေ့ဘက် နယ်စပ်ဒေသ
ရှမ်းပြည်နယ်တောင်ပိုင်း ၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊
ပဲခူးတိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင်
ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနယ်စပ်တွင်လည်း
ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း
ပအိုဝ်းတိုင်းရင်းသားတို့ အများဆုံးနေထိုင်သောမြို့နယ်များမှာ တောင်ကြီး၊
ဆီဆိုင်၊ ပင်လောင်း၊ အောင်ဗန်း၊ ဟိုပုံး၊ ကလော၊ လွယ်လင်၊ ပင်းတယ၊
နမ့်စန်၊ ညောင်ရွှေ၊ ရွာငံ၊ ရပ်စောက်၊ ဖယ်ခုံ၊ မောက်မယ်၊ မိုင်းကိုင်၊
မိုင်းပန်၊ မိုးနဲ၊ လဲချားစသည်တို့ဖြစ်ကြပါသည်။မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းတွင်
တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ ပဲခူးခရိုင်၊ သထုံခရိုင်၊ ဖားအံ၊ ကော့ကရိတ်၊
စသည့်ဒေသများတွင်လည်း အများဆုံးပျံ့နှံ့နေထိုင်လျက်ရှိကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အများစုခြံလုပ်ငန်းဖြင့် အသက်မွေးကြသဖြင့်
ကျေးရွာကိုတည်ထောင်ရာတွင် စိုင်ပျိုးရေးအတွက်
မြေသြဇာကောင်းမွန်သည့်ဒေသကို အဓိကထားနေထိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အိမ်ဆယ်လုံးခန့်ရှိလျှင်ပင်
ရွာအဖြစ်သတ်မှတ်လေ့ရှိကြ၏။ ရွာတစ်ရွာလျှင် ပျမ်းမျှအိမ်ခြေ
ငါးဆယ်မှတစ်ရာအထိ ရှိကြသည်။ရွာ၏ပုံစံမှာ ရွာဝိုင်းများဖြစ်ကြ၏။
အိမ်ဆောက်လုပ်ရာတွင် စီးပွားရေအခြေနေကိုလိုင် ၀ါး၊ သစ်သား၊
အင်္ဂတေအိမ်များကို ဆောက်လုပ်နေထိုင်ကြသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောဒေသများတွင် မြို့ကြီးများဖွယ်
ဆောက်လုပ်နေထိုင်ကြသည်။ဥပမာအားဖြင့်အောင်ဗန်း၊ လွိုင်ကော်ကားလမ်းတစ်လျှောက်တွင်တွေ့နိုင်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားနွယ်ဘွား ပအိုဝ်းလူမျိုးများးသည်
ရှမ်းပြည်နယ် ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့်၊
မန္တလေးတိုင်း များအတွင်းတွင်နေထိုင်လျက်ရှိကြသည်။
ရှမ်းပြည်နယ်တွင်(၁၉၈၉)-ခုနှစ်၊ သန်းခေါင်စာရင်းအရ
လူဦးရေစုစုပေါင်း(၄၇၄၃၆၈) ယောက်ရှိကြောင်းသိရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းသည် တောာင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်
အတွင်းရှိသော တိုင်းရင်းသားများအနက် ရှမ်းတိုင်းရင်းသားများပြီးလျှင်
ပအိုဝ်းတိုင်းရင်းသားလူဦးရေသည် ဒုတိယအများဆုံးဖြစ်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားများကို ယင်းမာပင်၊
ကလော၊ တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊
ကွန်ဟိန်းလမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း၊ အောင်ဗန်း၊ ပင်းတယ၊
ရပ်စောက်ကားလမ်းနှင့် ရထားလမ်းဝဲယာများတွင်လည်းကောင်း၊
အင်းလေးဒေသအရှေ့ခြမ်းနှင့် အနောက်ခြမ်း တောင်ပေါ်များတွင်လည်းကောင်း
အများဆုံးနေထိုင်ကြသည်ကို တွေ့နိုင်ပေသည်။
ရှမ်းပြည်နယ်တွင် ၊အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟူ
သုံးပိုင်းခွဲခြမ်းထားပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်
နေထိုင်ကြသောတိုင်းရင်းသားများမှာ ဓနု၊ ပလောင်၊ ပလေး၊ မြန်မာ၊ ကချင်၊
မောရှမ်း၊ တရုတ်၊ ကိုးကန့်နှင့် ၀ တိုင်းရင်းသားများ
စုပေါင်းနေထိုင်ကြသည်။ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်နေထိုင်ကြသောတိုင်းရင်းသားများမှာ
ဂုံ၊လားဟူ၊ဂုံရှမ်း၊ မြောင်၊အခါ၊တိုင်းရင်းသားများစုပေါင်းနေထိုင်လျက်ရှိကြသည်။ရှမ်းပြည်နယ်တောင်ပိုင်းတွင်
ပအိုဝ်း၊ရှမ်း၊ ဓနု၊ အင်းသား၊ ပဒေါင်(ကယန်း)၊ ယင်းနင်၊ ယင်းကျား၊ တနော့၊
တောင်ရိုး တိုင်းရင်းသားများစုပေါင်းနေထိုင်လျက်ရှိကြပါသည်။
ရှမ်းပြည်နယ် တစ်နယ်လုံး၏ အကျယ်အ၀န်းစတုရန်းမိုင်
သည် ( ၆၁၁၂၃) စတုရန်းမိုင်ရှိပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၏
အကျယ်စတုရန်းမိုင်သည် (၂၄၆၃၉) စတုရန်းမိုင်ရှိပါသည်။ ၁၉၈၇-ခုနှစ်၊
အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်တွင် မှတ်တမ်းအရ ပအိုဝ်းတိုင်းရင်း
သားလူဦးရေနှင့် နေထိုင်ရာဒေသများကို မှတ်တမ်းတင်
ဖော်ပြထားကြောင်းလေ့လာတွေ့ရှိရပါသည်။
နောက်ဆုံး သက္ကရာဇ် (၂၀၁၀) -ခုနှစ်၊ ပအိုဝ်းလူမျိုးတို့၏
လူဦးရေခန့်မှန်းခြေအရ မြန်မာပြည်တစ်ပြည်လုံးတွင်
လူဦးရေ( ၂) သန်းကျော်ရှိပါကြောင်းလေ့လာသိရှိမှတ်သားရပါသည်။

ပအိုဝ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ..။
ရှမ်းပြည်နယ်တောင်ပိုင်းရှိပအိုဝ်းတိုင်းရင်းသားများတို့သည်
အနက်(သို့မဟုတ်)နက်ပြာရောင်ဝတ်စုံကိုအများဆုံးဝတ်ဆင်ကြပါသည်။
အောက်မြန်မာပြည်ရှိပအိုဝ်းတိုင်းရင်းတို့မူကား မြန်မာဝတ်စုံကိုဝတ်ဆင်ကြသည်မှာ
အများဆုံးတွေ့မြင်ရလေသည်။အနက်ရောင်၊နက်ပြာရောင်ဝတ်
ဆင်ကြခြင်းမှာ အနက်ရောင်သည်အပူကိုစုပ်ယူနိုင်ခြင်း၊ အေးသောရာသီဥတုဒဏ်ကို
ကာကွယ်နိုင်ခြင်း၊ညစ်ပေစွန်းထင်းမှုကိုသက်သာစေခြင်း၊ စသည်တို့ကြောင့်ပင် ဖြစ်သည်။
ထို့ပြင်ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့်မြင့်သောတောင်ပေါ်ဒေသတွင် နေထိုင်ကြသဖြင့်
အအေးဒဏ်ကိုကာကွယ်နိင်ရန်အတွက်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ကြခြင်းဖြစ်ပါသည်။အနက်ရောင်သည်ပအိုဝ်းတိုင်းရင်းသားတို့၏
ပင်ကိုယ်မူပိုင်အရောင်ပင်ဖြစ်ပါသည်။အနက်ရောင်၊နက်ပြာရောင်ကိုဝတ်ဆင်ကြရာတွင်
အဖိုးထိုက်တန်သောတက္ကလပ်များကို အထူးအလေးပေးဝတ်ဆင်ကြပါသည်။အမျိုးသား၊အမျိုးသမီး သာမာန်ဝတ်စုံတစ်စုံသည်လက်ရှိကာလတန်ဖိုးဈေးနှုန်းအားဖြင် အနည်းဆုံး
ကျပ်ငါးသောင်းအထက်ရှိပါသည်။အနက်ရောင်၊နက်ပြာရောင်ကိုညီညာစွာဝတ်ဆင်ကြသဖြင့်
ဂုဏ်တုဂုဏ်ပြိုင်ကင်းသည့်သဘောလဲ သက်ရောက်ပါသည်။

အမျိုးသားဝတ်စုံ။
ပအိုဝ်းအမျိုးသားများသည်
ဘောင်းဘီပွ၊အပေါ်အင်္ကျီ(တိုက်ပုံအင်္ကျီ)အနက်ရောင်၊နက်ပြာရောင်ကိုဝတ်ဆင်ကြ
ပြီး အတွင်းတွင်အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ကြပါသည်။ထိုင်းနိုင်ငံနှင့်
တရုတ်နိုင်ငံမှလာသောခေါင်းပေါင်း
ရောင်စုံကိုပေါင်းထားကြပြီး ပခုံးထက်တွင်တောင်းပိုခေါ်လွယ်အိတ်ကိုလွယ်လေ့ရှိပါသည်။

အမျိုးသမီးဝတ်စုံ...။
ပအိုဝ်းအမျိုးသမီးဝတ်စုံမှာ အခြားသောတိုင်းရင်းသူများနှင့်မတူဘဲ
တမူထူးခြားကွဲပြားလျက်ရှိ၏။ပအိုဝ်းတိုင်း
သားတို့သည် အဖဇော်ဂျီ၊အမိနဂါးမမှ 
သက်ဆင်းလာသည်ဟုယုံကြည်ယူဆထားကြသဖြင့်
အမျိုးသမီးများ၏
ဆင်ယင်ထုံးဖွဲ့ပုံသည်နဂါးမနှင့်အသွင်တူသည်ကိုတွေ့မြင်နိုင်ပေသည်။ပအိုဝ်းအမျိုးသမီးဝတ်စုံတွင်
ခေါင်းပေါင်းပုဝါအပါအ၀င် အင်္ဂါငါးရပ်ရှိသည်ကိုတွေ့မြင်နိုင်ပေသည်။
ငှင်းတို့မှာ အနက်(သို့မဟုတ်)နက်ပြာရောင် သင်တိုင်းအင်္ကျီ၊ အင်္ကျီလက်ရှည်၊ ထမီ၊
ခြေသလုံးပတ်၊စသည်ဖြင့်အဆင့်အဆင့်ဝတ်ဆင်ကြပါသည်။
ငွေကြေးတတ်နိုင်သူများကတော့ ရွှေဆံထိုးအချွန်နှင့်အ၀ိုင်းနှစ်ခုလုံးဖြစ်စေ၊
တစ်ခုတည်းဖြစ်စေ၊ဆံထုံးတွင်ထိုးဆိုက်အလှဆင်ကြသည်ကိုတွေ့မြင်နိုင်ပါသည်။
ဆံထိုးအချွန်သည်ငှက်ပြောဖူးပုံစံရှိပြီး၊ အ၀ိုင်းမှကွန်းသီးလုံးအရွယ်
ပုံစံရှိပါသည်။ ဆံထိုးအချွန်သည်နဂါးမ၏မျက်လုံးသဖွယ်အဖြစ်ဖြင့်ရည်ရွယ်ပြီး
ဆင်ယင်ကြခြင်းဖြစ်ပါသည်။ရွှေဆံထိုးကိုရွှေအနီရောင်တင်ထား
၏။ပအိုဝ်းအမျိုးသမီးများသည်လည်း တောင်းပိုခေါ်လွယ်အိတ်ဖြစ်စေ ၊ဖော့ခေါ်
ပလိုင်းလုံးကိုဖြစ်စေလွယ်လေ့ရှိကြပါသည်။ရှမ်းပြည်နယ်တောင်ပိုင်းတွင်
နေထိုင်ကြသောပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏အနက်ရောင်
ဝတ်စားဆင်ယင်မှုကို မြတ်မြတ်နိုးနိုးခုံမင်စွာဝတ်ဆင်ကြသည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
အထူးသဖြင့်အလှူပွဲများကျင်းပချိန်၊အမျိုးသားရိုးရာပွဲကျင်းပချိန်တွင်
အနက်ရောင်၊နက်ပြာရောင်ဝတ်စုံများဖြင့်စည်းလုံးညီညွတ်စွာရှိကြသည်ကိုတွေ့မြင်ရပေသည်။
တချို့သောအရပ်ဒေသများတွင်ကား ပအိုဝ်းဘာသာစကား
ကိုပင်အထင်မြင်သေးနေထင်ဟုမှတ်ထင်ရလောက်အောင် ပြောဆိုမှုနည်းပါးကြသည်ကို
ဝမ်းနည်းစွာတွေ့မြင်နေရပါသည်။ယာဉ်ကျေးမှုသည် လူမျိုးတိုင်းတို့၏
အသက်သွေးကြောပင်ဖြစ်သဖြင့် မိမိလူမျိုးတို့၏ယဉ်ကျေးမှု
မတိမ်ကောမကွယ်ပျောက်စေရန် မိမိတို့လူမျိုး၏ ဘာသာစကားကို
ပြောဆိုခြင်းနှင့်ဝတ်စားဆင်ယင်မှုဖြင့်ကိုယ်ပိုင်ယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ရန်အထူးလိုအပ်လှပေ
သည်။ကိုယ့်ကြောငမိမိတို့၏ယဉ်ကျေးမှုကိုတိုးတက်အောင်မစွမ်းဆောင်နိုင်သော်နေ၊ ကိုယ့်ကြောင့်
မိမိတို့ယဉ်ကျေးမှုကိုမတိမ်ကောမပျောက်ပျက်စေနှင့်ဟု၊သမိုင်းပေးဆောင်ပုဒ်ကိုနှလုံးမူပြီးဆက်လက်အရှည်
တည်တံ့အောင်ထိန်းသိမ်းစောင့်ရှောက်ရမည်မှာလူသားတိုင်းတို့၏တာဝန်သာဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားများ၏ယဉ်ကျေးမှု...။
ယဉ်ကျေးမှုဆိုသည်မှာ-
ယဉ်ကျေးမှု၏အဓိကဆိုလိုချက်သဘောတရားမှာ လူသားများကိုသက်သာစေမှု
၊ချောင်လည်မှု၊ အချင်းချင်းနားလည်မှုနှင့်၊စိတ်ချမ်းသာကိုယ်ချမ်းသာမှုအတွက်
လူသားများကိုယ်ပိုင်ဖန်တီးထားသောအရာများကို
ခေါ်ဝေါ်ခြင်းပင်ဖြစ်ပါသည်။စကား၊စာပေ၊ဆင်ယင်ထုံးဖွဲ့မှု၊
ဘာသာတရားကိုယ်းကွယ်ယုံကြည်မှု၊ ဂီတအနုပညာနှင့် ဓလေ့ထုံးစံများသည်
လူသားများဖန်တီးသောအရာများဖြစ်သဖြင့်ယဉ်ကျေးမှုတွင်အကျုံးဝင်ပါသည်။
ယဉ်ကျေးမှုအဆင့်တန်းမြင့်မားသည်ဟုဂုဏ်ယူလျက်ရှိကြ
သော တိုင်းပြည်၊ နိုင်ငံ၊လူမျိုးဟူသမျှသည် ရှေးနှစ်ပဝေသဏီ
နှစ်ပေါင်းများစွာကတည်းက မိမိတို့ဘိုးဘီဘင်
ချန်ထားခဲ့သောယဉ်ကျေးမှု အမွေသမိုင်းတို့ဖြင့် သက်သေဖော်ပြလျက်ရှိနေပါသည်။
မြေမျိုလို့လူမျိုးမကုန် လူမျိုလို့လူမျိုးကုန်သည်ဆိုသလို
ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူမျိုးပါကွယ်ပျောက်သွားနိင်သည်။
ထိုအသိကို လူမျိုးတိုင်းက ခံယူနားလည်ထားကြရပါမည်။လူမျိုးတိုင်း၏
မိမိတို့ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း
၊ ပြုစုပျိုးထောင်ခြင်း၊
တိုးတက်စေရန်ကြိုးပမ်းလုပ်ဆောင်လျှက်ရှိကြသည်ကိုတွေ့မြင်ရပေမည်။ယဉ်ကျေးမှု
သည် လူတစ်မျိုး၏ဘ၀တည်ဆောက်ပြုပြင်ပုံ၊
ဘ၀ပုံစံပင်ဖြစ်ပါသည်။လူတို့၏အသိဥာဏ် ဗဟုသုတလုပ်ကိုင်
ဆောင်ရွက်နည်းများအပြင် ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ
၊တွေးခေါ်ဖန်တီးချက်များ အဆင့်ဆင့်သို့သိမှီးစု
ဆောင်းထားခြင်းပင်ဖြစ်ပါသည်။ကမ္ဘာအရပ်ရပ်လူမျိုးအသီးသီးတို့၏
မူလယဉ်ကျေးမှုမှန်သမျှသည် သီးနှံစိုက်
ပျိုးရေးကိုအခြေခံသည့်ထုတ်ကုန်လုပ်ငန်းအပေါ်မှာ
မှီငြမ်းတည်ဆောက်ခဲ့ကြသည်။ယဉ်ကျေးမှု၏ဗဟိုသည်
သီးနှံစိုက်ပျိုးရေးနှင့် နိုင်ငံခြားကူးလူးဆက်ဆံရေးမှ
ရရှိသောယဉ်ကျေးမှုအသစ်များပင်ဖြစ်ပါသည်။
ယဉ်ကျေးမှုတွင် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဟူရ်ျ
ရှိပါသည်။ရုပ်ပိုင်းတွင် ၀တ်စားဆင်ယင်မှု
အသုံးအဆောင်ပစ္စည်းကိရိယာတန်ဆာပလာများနှင့် အဆောက်အဦများပါဝင်သည်။
စိတ်ပိုင်းဆိုင်ရာယဉ်ကျေး
မှုတွင် အမူအရာယဉ်ကျေးမှု၊ အပြောအဆိုယဉ်ကျေးမှု၊
စိတ်နေစိတ်ထားယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုများ
ပင်ဖြစ်သည်။ယနေ့လူသားများသည်
အတိတ်လူသားများတီထွင်ဖန်တီးထုတ်လုပ်ခဲ့သောယဉ်ကျေးမှုအမွေအနှစ်များကို
လေးစားမြတ်နိုးတန်ဖိုးထား
ကြပြီး မပျောက်ပျက်ရန်လူမျိုးတိုင်းမှာထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြသည်။လူမျိုးတိုင်းတွင်
မိမိတိုက၏ကိုယ်စီကိုယ်ငှ ယဉ်ကျေးမှုအနှစ်သာရ ၀ိသေသလက္ခဏာများ
အမြတ်တနိုးမွမ်းမံကြရစမြဲဖြစ်သည်။
ယခုခေတ်တွင်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းခြင်း၊
ရှာဖွေစုဆောင်းခြင်းသည် သက်ဆိုင်ရာလူမျိုးများ၏
ဇာတိမာန်များ၊တိုင်းပြည်ချစ်စိတ်ဓာတ်များကိန်းအောင်းလားစေရန်ဖြစ်သည်။ပအိုဝ်းတိုင်းရင်းသားများ၏ယဉ်ကျေးမှုသည်
အခြားသောယဉ်ကျေးမှုများနှင့်ရောပြွမ်းသင့်သလောက်ရောပြွမ်းလျက်ရှိနေပါသည်။
ဘိုးဘေးဘီဘင်လက်ထက်ကတည်းက ဗုဒ္ဓအယူဝါဒ ကိုလက္ခံယုံကြည်ခဲ့ကြသဖြင့်
ဗုဒ္ဓဘာသာယဉ်ကျေးမှုအပေါ်တွင်အခြေခံပြုထားပါသည်။။ပအိုဝ်းဒေသကျေးရွာများရှ
ဘုန်းတော်ကြီးကျောင်းများ၊လပြည့်လကွယ် နေ့ကြီးရက်ကြီးများ၊
ဗုဒ္ဓဘာသာနှင့်ပတ်သက်သောအလှူဒါနပွဲများသည် တက်ညီလက်
ညီလက်ညီ တူညီဝတ်စုံဖြင့် ရှေးအစဉ်လာမပျက်
အထူးထထိန်းသိမ်းစောင့်ရှောက်မြတတ်နိုးတန်ဖိုးထားခြင်း
သည်ပင် ပအိုဝ်းအမျိုးသားများ၏ ထူးခြားသောယဉ်ကျေးမှုလက္ခဏာများပင်ဖြစ်သည်။
ပအိုဝ်းအမျိုးသားတို့၏သွင်ပြင်လက္ခဏာများ၊ စိတ်နေသဘောထားများ ၊
ဝတ်စားဆင်ယင်မှုများ၊ ဘာသာရေးကိုးကွယ်ယုံကြည်မှုများ၊
ကျေးရွာတည်ဆောက်မှုများ၊ အုပ်ချုပ်ရေး တရားစီရင်ရေးများနှင့်
ဆွေမျိုးတော်စပ်ပုံ၊ အမွေဆက်ခံခြင်း၊ နာမည်ပေးကင်ပွန်းတပ်ခြင်င်း၊
ပညာသင်ကြားခြင်း၊ အပျိုလူပျိုဘ၀၊မင်္ဂလာလက်ထပ်ပွဲ၊ ရိုးရာအစားအစာများ နှင့် အခြားသောရိုးရာယဉ်ကျေးမှုများသည်ရှေးပဝေသဏီကတည်း
ကရှိရင်းစွဲပအိုဝ်းအမျိုးသားတို့၏လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော
ကိုယ်ပိုင်ယဉ်ကျေးမှုများပင်ဖြစ်ပါသည်..။

(တပေါင်းလပြည့်နေ့) ပအိုဝ်းအမျိုးသားနေ့..။
အမျိုးသားနေ့သည် လူတိုင်းအဖို့ ထူးခြားသည့်ဂုဏ်ထူးဝိသေသဖြင့်
ပြည့်စုံသည့်နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
တစ်နည်းအားဖြင့်အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို
ပြန်လည်မှတ်တမ်းတင်ခြင်းပင်ဖြစ်သည်။ အမျိုးသားနေ့သည် ဇာတိသွေး၊
ဇာတိမာန်စိတ်ဓာတ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ ထက်မြက်ရှင်သန်ရေး၊
နိုင်ငံတော်ကိုချစ်မြတ်နိုးသောစိတ်ဓာတ်များကိန်းအောင်းလားစေရေးအတွက်
လှုံ့ဆော်ပေးသည့်နေ့ပင်ဖြစ်ပါသည်။ထို့ကြောင့်အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက်ထူးခြားသောနေ့ပင်ဖြစ်ပါသည်။ပအိုဝ်းတိုင်းရင်းသားတို့သည် 
မိမိတို့၏ထူးခြားသည့် သမိုင်းအစဉ်လာကို
အကြောင်းပြုရ်ျ ဒဲဉ်သီးလာဗွေ
(တပေါင်းလပြည့်နေ့) ရောက်တိုင်းပအိုဝ်းသားနေ့ကို
နှစ်စဉ်မပျက်ကျင်းပလျက်ရှိပါသည်။ ပအိုဝ်းအမျိုးသားနေ့
နှင့်ပတ်သက်ရ်ျတင်ပြရသော် ပအိုဝ်းတိုင်းရင်းသားတို့သည်
ကျေးဇူးတရားသိရှိမှု၊ကျေးဇူးတရားကို နားလည်သဘောပေါက်မှုစသော
ဗုဒ္ဓဘာသာ၏အဆုံးအမကိုအရင်းတည် မြတ်မြတ်နိုးနိုး လေးစားယုံကြည်စွာ
နှလုံးသွင်းကြသူများဖြစ်ကြပါသည်။ အမျိုးသားနေ့သည် မိမိတို့လူမျိုး
ဘိုးဘွားမျိုးနွယ်ဆက်များ၏ ကျေးဇူး
တရားကို အောက်မေ့သတိရသည့်စိတ်မှပေါက်ဖွားလာဖြင်းဖြစ်သည်။ထို့ကြောင့်အမျိုးသားနေ့သည်
ကျေးဇူးတ
ရားကို သိမှုမှစတင်ခဲ့သည်ဟုဖော်ဆိုနိုင်ပါသည်။
လွန်ခဲ့သောသောနှစ်ပေါင်း(၂၅၀၀)ကျော်၊ မဟာသက္ကရာဇ်(၃)
နှစ်တပေါင်းလပြည့်နေ့၊စနေနေ့၊လ၀င်နေထွက်၊လရောင်နေရောင်ထွန်းပြောင်ထိန်လင်းရောယှက်နေသော
အချိန်တွင်မင်းတစ်ပါးဖွားမြင်ခဲ့ပါသည်။ထိုမင်းသည်
လ၀င်နေထွက်ချိန်တွင်ဖွားမြင်သဖြင့် သူရိယစန္ဒာဟုခေါ်
တွင်ခဲ့ပါသည်။သူရိယစန္ဒာမင်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏
ဂုဏ်သိက္ခာကိုမြင့်တင်ပေးခဲ့ပါသည်။ပအိုဝ်းတိုင်း
ရင်းသားတို့၏တောက်ပသောခေတ်ကာလကိုဖန်တီးပေးခဲ့ပါသည်။သထုံမြို့ရှိ
လေးဆူဓာတ်ပုံရွှေစာရံစေတီ
တော်မြတ်ကြီးကိုတည်ထားကိုးကွယ်ခဲ့သည့်
သာသနာ့ဒါယကာမင်းမြတ်ပင်ဖြစ်၏။ထိုကျေးဇူးတရားတော်ကို
အောက်မေ့သောအားဖြင့်ပအိုဝ်းတိုင်းသားတို့၏ဂုဏ်ရောင်ကို
ထွန်းပြောင်စေခဲ့သော သူရိယစန္ဒာမင်း၏မွေးနေ့
ဖြစ်သည့်တပေါင်းလပြည့်နေ့ကို
ပအိုဝ်းအမျိုးသားနေ့(ဒဲဉ်သီးလာဗွေ)အဖြစ်သတ်မှတ်ကြခြင်းဖြစ်ပါသည်။
ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့သည်
လယ်ယာခြံလုပ်လုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသောပအိုဝ်းတိုင်းရင်းသား
တို့သည် လုပ်ငန်းခွင်ပြီးစီးသည့်တပေါင်းလတွင်
ကောက်ဦးတင်ပူဇော်ပွဲကိုကျင်းပကြသည်။ကောက်ဦးတင်ပူဇော်ပွဲ
တွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော် မိဘဘိုးဘွားအကြီးကဲများကို
ဆွမ်းကပ်လှူကာ ကောက်ဦးကျွေးမွေးပွဲ
များကျင်းပပြုလုပ်ခဲ့ကြပါသည်။ကောက်ဦးတင်ပူဇော်ပွဲတွင်
ဆွေမျိုးတွေ့ဆုံပွဲပြုလုပ်ခဲ့ရာမှ ပအိုဝ်းအမျိုးသားနေ့
သို့ကူးသန်းပေါ်ပြောင်းလဲလာခဲ့ပါသည်။ယခင်ကသာမန်ရိုးစင်းစွာကျင်းပခဲ့ပေမယ့်
ယခုအခါမှာတော့ ပအိုဝ်းအမျိုးသားနေ့ကိုခမ်းခမ်းနားနားပိုမိုကျယ်ပြန့်သစ်လွင်ဆန်းသစ်သောပုံစံနှင့်
အနှစ်သာရကိုပိုမိုဆောင်ယူနိုင်မည့်နေ့ထူးရက်မြတ်အဖြစ်
ပအိုဝ်းအမျိုးသားတို့စုပေါင်းနေထိုင်ကြရာအရပ်မှာ ပြောင်းလဲကျင်းပလာခဲ့ကြ
သည်ကိုတွေ့မြင်နိုင်ပေသည်။ တိုင်းရင်းသားအချင်းချင်း သွေးစည်းချစ်ကြည်ရေး
၊ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးစသည့်ပိုမိုကျယ်ပြန့်သောဦးတည်ချက်များဖြင့်ကျင်းပလာကြသည့်အပြင်
၊နိုင်ငံတော်က သာသနာရေးဆိုင်ရာဘွဲ့ထူ ဂုဏ်ထူး ဆက်ကပ်ခံရသည့်
သံဃာတော်များကို ချီးကျူးဂုဏ်ပြုပူဇော်ခြင်း၊သက်ကြီး
ရွယ်အိုဘိုးဘွားများအား ရိုသေကန်တော့ခြင်းစသည့် ဘာသာရေးလူမှုရေးကို
ပြုလုပ်ကျင်းပလာကြသည်ကိုတွေ့မြင်ရပေသည်။
( အားလုံးကို ပြည်ထောင်စုထဲကပအိုဝ်း စာအုပ်မှထုတ်နုတ်တင်ပြသည်။)

မွတ်စလင်တစ်ဦး၏ ရင်တွင်းစကား


( Tawfik Hamid From the heart of a Muslim ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။ )
ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့
ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။
ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန်
မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး
အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ
မွတ်စလင်တွေက ကမ္ဘာ့နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့
ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ
ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ
မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့
တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့
ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ
အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့
အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့
လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။
နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။
အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ
ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီ
ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို
မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ ( Jizia ) ( Jizia ) ( Jizia ) လို့ခေါ်တဲ့
မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။
( မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ )
ကျွန်တော်တို့ မွတ်စလင်တွေဟာ “ အစ္စလာဟ်ဘာသာကို လေးစားကြပါ ” လို့ ကမ္ဘာ့လူသားတွေကို တောင်း
ဆို နေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြား
အစ္စလာဟ် ဘာသာဝင် မဟုတ်သူတွေကို ( အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။
ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေ ဆင်းသက်သူများလို့ ဆဲရေး
တိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (
သင်ကြားချက်တွေ ) ပေးချင် တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။
အမုန်းတရား လက်ဆောင်တွေလား။
ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က့က
ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့
မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်
မျိုးဆက်တွေကိုလည်း သူတို့ ( အခြားဘာသာ ၀င်တွေ ) ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ်
ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “ မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီး
ငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ ” လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို
ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်
ကျမ်းစာမှာလာတဲ့ “ တမန်တော် မိုဟာမက် အသက် ၅၀ ၅၀ ကျော်သောအခါ အသက် ၇ - နှစ်မျှသာ ရှိသေး
သော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ် ” ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေ
ကြပြန်ပါတယ်။
ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ ( အားလုံးတော့ မဟုတ်ပါဘူး ) အမေရိကန်က
ဝေါထရိ စင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁ ၁၁ - ရက် အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက
အကြမ်းဖက်တိုက်ခိုက်မှုတွေ ကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။
ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်
ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင် အကြမ်းဖက် သမားတွေကို မွတ်စလင်
တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့အကြမ်းဖက်ရခြင်း အကြောင်းကို
တောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။
ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ ဘာသာရေးသွေဖီသူ၊
အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ ” လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခု
က စာရေးဆရာ ရပ်ခ်ျဒိုင်း ( Rushdie ) ( Rushdie ) ( Rushdie ) ( Rushdie ) ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့သေဒဏ်ပေးသင့်
ကြောင်း ကြေညာပေးခဲ့တယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆို
နေ ကြ တယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြ
တယ်။ ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ် အစွန်း
ရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ
သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်
ကြောင်း၊ အားပေးအားမြှောက်မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးကြပါဘူး။ ကျွန်တော်တို့
ရဲ့သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြ တာ ဟာ အစ္စလာဟ် အကြမ်းဖက် သမား
တွေ ကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊
တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်း အကြောင်းမလှတာတွေအတွက် အစ္စရေး
လူမျိုးတွေ နဲ့အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေ
ပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံ ဆိုတာ အရှေ့
အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲ့အလင်းရောင်
ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့ စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို
ပ ထုတ်နေကြတယ်။ “ လွတ်လပ်သောဂျူးနိုင်ငံတော် ” ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေး
လူမျိုးတွေကတော့ အာရပ်လူမျိုးသန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါ
တယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။
အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုက
နေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်း ဥပဒေ
အရ အရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေး
မျိုး ကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ ( ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား
မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ် ) ။
ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို
ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ ( ဂျူးတွေ) ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက် ခြ
စား နေတဲ့ ( ပျက်စီးနေတဲ့ ) ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့
ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူ
တို့ ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေးနယ်မြေထဲကို ၀င်နေကြပါတယ်။
အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်
ဘက် အခြေအနေ ( ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ
ပါလက်စတိုင်း နယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ ) တွေပဲ ကျွန်တော်တို့
တွေ့ရမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာ ကိုယ်လက်ခံပြီး
ကိုယ် ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာ နေနိုင်
မယ့် ခေတ်သစ်တစ်ခု ကို စတင်နိုင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များ
အနေနဲ့
- မယားများစွာယူခြင်း၊
- အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
- ကျွန်စနစ်၊
- အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
- အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
- အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့
အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြ
မှသာ လျှင် “ ကျွန်တော်တို့ဘာသာကို လေးစားကြပါ ” လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်
” တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ ကျွန်တော်တို့ မွတ်စလင်တွေ
ပြောင်းလဲရမယ် ” လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။
မူရင်းက.ဒီမှာ http://www.ashinkusala.com